စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၂၁-၄-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူပြည်သူများ Online Shop ရောင်းဝယ်မှုပြုလုပ်ရာတွင် လိမ်ညာမှုများမဖြစ်စေရေး Talk Show အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်ခဲ့ပါသည်။
Talk Show အစီအစဉ်တွင် မြို့နယ်တာဝန်ခံက စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို Online မှတစ်ဆင့်ဝယ်ယူသည့်အခါ နစ်နာ ဆုံးရှုံးမှုများမဖြစ်စေရန်နှင့် အမျိုးမျိုးသောလိမ်လည်မှုများမဖြစ်ပေါ်စေရေးအတွက် Online Shop မဝယ်ယူမီ သတိပြုရမည့်အချက်များဖြစ်သော မိမိဝယ်ယူမည့်ပစ္စည်းနှင့်ပတ်သက်သည့် ပြည့်စုံမှန်ကန်သောသတင်းများကို ကြိုတင်သိရှိရန်လိုအပ်ပါကြောင်း၊ Online Website များတွင် နာမည်ဂုဏ်သတင်းကောင်းမွန်သော Official Website ကို ရွေးချယ်ဝယ်ယူသင့်ကြောင်း၊ Online Shopping Page တွင်ဖော်ပြထားသော ဆက်သွယ်ရန်လိပ်စာနှင့် ဖုန်းနံပါတ်များအား မြေပြင်တွင် လက်တွေ့အသုံးချမှုရှိ/မရှိကို ကြိုတင်သိရှိရန်လိုအပ်ပါကြောင်း၊ မိမိဝယ်ယူမည့် Online Shop သည် စားသုံးသူအများစုယုံကြည်လက်ခံထားသော Online Shop ဟုတ်/မဟုတ်ကိုလည်း စိစစ်ရန်လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၏ တရားဝင်ခွင့်ပြုထားသော Online Shop ဟုတ်/မဟုတ်လည်း စိစစ်ရန်လိုအပ်ပါကြောင်း၊ လုံခြုံစိတ်ချရသောငွေပေးချေမှုစနစ်ဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်းဟုတ်/မဟုတ်စိစစ်ရန်လိုအပ်ပါကြောင်း၊ ယုံကြည်စိတ်ချရသော Online ရောင်းဝယ်သူများမှ Group ဖွဲ့ထား သော Online Shop Platform များနှင့်ချိတ်ဆက်ထားခြင်းရှိ/မရှိ၊ Facebook Page တွင် Blue Mark အမှတ်အသားရရှိထားခြင်းရှိ/မရှိနှင့် သုံးစွဲထားသောစားသုံးသူများ၏မှန်ကန်သော သုံးသပ်ချက် Review ကောင်းများရရှိထားခြင်းရှိ/မရှိ စသည့်အချက်များကို ကြည့်ရှုဝယ်ယူရန်လိုအပ်ပါကြောင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် Online Shop လုပ်ငန်းရှင်များဘက်ကလည်း မိမိတို့ရောင်းချခဲ့သည့် ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး မှန်ကန်ပြည့်စုံသောသတင်းအချက်အလက်များပေးဝေရန်လိုအပ်ပြီး မိမိတို့လုပ်ငန်း၏ဂုဏ်သတင်းကောင်းမွန်ပြီး ရေရှည်တည်တံ့စေရန်အတွက် စီးပွားရေးလုပ်ငန်းရှင်၏ကျင့်ဝတ်များကိုလိုက်နာပြီး မှန်ကန်သောဝန်ဆောင်မှုပေးရန်လိုအပ်ပါကြောင်းနှင့် စားသုံးသူများ၏နစ်နာဆုံးရှုံးမှုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
၎င်းနောက် Online မှတစ်ဆင့် ရောင်းဝယ်မှုပြုလုပ်ရာတွင် စားသုံးသူများအနေဖြင့် လိမ်ညာလှည့်စားမှုများခံစားရပါကလည်း မိမိတို့စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အသိပညာပေးခြင်းလုပ်ငန်းများအပြင် နစ်နာဆုံးရှုံးမှုများအား ကူညီကုစားပေးလျက်ရှိပါသောကြောင့် မိမိတို့ဌာန၏ Website ဖြစ်သော www.doca.gov.mm သို့ဝင်ရောက်၍သော်လည်းကောင်း၊ (၁၅၃၅) Call Center သို့လည်းကောင်းခေါ်ဆို၍ တိုင်ကြားနိုင်ပါကြောင်းကိုလည်း သတင်းစကားပါး၍ ဆွေးနွေးခဲ့ပါကြောင်း သိရှိခဲ့ရပါသည်။
DOCA(မကွေး)