Main menu

ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ကိတ်မျိုးစုံ၊ ပေါင်မုန့်လုပ်ငန်းရှင်အား တွေ့ဆုံအသိပညာပေးခြင်း

Powered by Drupal

     မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် မျှော်မှန်းချက်နှင့်အညီ တိုင်းဒေသကြီးဦးစီးမှူးနှင့်ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် စိုက်ပျိုးမွေးမြူတောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခြင်း၊ သတင်းအချက်အလက်ဖြန့်ဝေပေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

 စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံး၊ စလင်းမြို့နယ်တာဝန်ခံ၊ ဦးစီးမှူး ဦးဆန်းလင်းမောင်သည် မိတ်ဖက်ဌာနဖြစ်သောမြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့်ပူးပေါင်း၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက်  (၂၅-၄-၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ပေါ်ရှိ ကိတ်မျိုးစုံ၊ ပေါင်မုန့်ထုတ်လုပ်သည့်လုပ်ငန်းရှင် ဒေါ်မူမူအားတွေ့ဆုံ၍ အသိပညာပေးမှုများဆောင်ရွက်ခဲ့ပါသည်။

     မြို့နယ်တာဝန်ခံက အသိပညာပေးပြောကြားရာတွင် စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်စေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် အခန်း(၁၈)၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့် ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးကာ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရန် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ကြော်ငြာချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ဖော်ပြပေးရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြချက်နှင့်ကိုက်ညီမှုရှိပါက ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်ရရှိစေရေးအတွက်  ခရိုင်/တိုင်းရုံးများသို့ ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အခြားဌာနများနှင့်ချိန်ဆက်၍ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  ရှင်းလင်းဆွေးနွေးခဲ့ကာ စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့်  ကြေငြာချက်အမှတ် (၂/၂၀၁၉) ပါ အသိပညာပေးလက်ကမ်းစာဆောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)