Main menu

ဈေးနှုန်းမြင့်တက်လာသော ငရုတ်သီးခြောက်ဈေးကွက်အခြေအနေ

Powered by Drupal

     ကယားပြည်နယ်တွင် စားဖိုဆောင်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို မိုးတွင်းနှင့် ဆောင်းတွင်းတွင် စိုက်ပျိုးကြပြီး လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာ၊ ရွာတန်းရှည်ကျေးရွာ၊ ကုန်းသာကျေးရွာနှင့် လင်ဖုံလေးကျေး ရွာတို့တွင်အဓိကစိုက်ပျိုးလျက်ရှိကြပါသည်။ ဒေသထွက်ဖြစ်သော ငရုတ်သီးတောင့်ရှည်(ပဒေါင်သီး)သီးသည် အလွန်စပ်ပါသည်။ ငရုတ်သီးကို အခြားမြို့များဖြစ်သော ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ ဝမ်းတွင်းဒေသမှလည်းဝင်ရောက်လျက်ရှိပြီး ငရုတ်သီးခြောက်တောင့်ရှည်နှင့်အပုခြောက် (ကုလားအော်သီးခြောက်)ဟူ၍ (၂) မျိုးရှိရာ ငရုတ်သီးခြောက်တောင့်ရှည်မှာ အစပ်နည်းပြီး ဈေးနည်းကာ ကုလားအော်သီးခြောက်မှာ အလွန်စပ်၍ ဈေးပိုကောင်းပါသည်။

ယခု ၂၀၂၃ခုနှစ်လက်ရှိ ဧပြီလအတွင်း ငရုတ်သီးခြောက်တောင့်ရှည်တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်နှင့် ကုလားအော်သီးခြောက်တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်မတ်လတွင် ငရုတ်သီးခြောက်တောင့်ရှည်တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ကုလားအော်သီးခြောက်တစ်ပိဿာလျှင် (၂၂၀၀၀) ကျပ်ရှိခဲ့ရာ ယခင်မတ်လနှင့် ယခုဧပြီလဈေးနှုန်းတို့ကိုနှိုင်းယှဉ်ရာ ငရုတ်သီးခြောက်တောင့်ရှည်တစ်ပိဿာလျှင် (၂၀၀၀) ကျပ်နှင့် ကုလားအော်သီးခြောက်တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ခန့်အထိမြင့်တက်လာကြောင်း သီရိမင်္ဂလာဈေးအတွင်း၌ ငရုတ်သီးခြောက်ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)