ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင် (၁၄) ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး စက်သုံးဆီဈေးနှုန်းများသည် ယခင်လထက်ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း တွေ့ရပါသည်။ စက်သုံးဆီလက်လီဈေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထပတ်) အတွင်း ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၁၄၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၂၂၀) ကျပ်၊ ဓာတ်ဆီ(92)တစ်လီတာလျှင် (၂၁၉၀) ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၂၈၅) ကျပ်တို့ဖြင့်ရောင်းချလျက်ရှိပြီး ယခုဧပြီလ (စတုတ္ထပတ်) အတွင်း ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၀၇၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၁၅၅) ကျပ်၊ ဓာတ်ဆီ(92)တစ်လီတာလျှင်(၂၁၃၅) ကျပ်၊ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၂၃၀) ကျပ်တို့ဖြင့်ရောင်းချလျက်ရှိရာ ယခု ဧပြီလ (စတုတ္ထပတ်)နှင့် ယခင်မတ်လ (စတုတ္ထပတ်)အတွင်း ဖြစ်ပေါ်နေသောစက်သုံးဆီဈေးနှုန်းများအား နှိုင်းယှဉ်ကြည့်လျှင် ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၆၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၆၅) ကျပ်၊ ဓာတ်ဆီ(92)တစ်လီတာလျှင် (၅၅) ကျပ်နှင့် ဓာတ်ဆီ(95)တစ်လီတာလျှင် (၅၅) ကျပ် ခန့်ဈေးနှုန်းများကျဆင်းလျက်ရှိကြောင်းနှင့် ဈေးနှုန်းကျဆင်းရခြင်းမှာ ဒေါ်လာဈေးနှုန်းအနည်းငယ်ကျဆင်းသောကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ကယား)