Main menu

မင်းဘူးမြို့မဈေးအတွင်းရှိ စားဖိုဆောင်သီးနှံများ၏ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

            ဧပြီလစတုတ္ထပတ်တွင် မင်းဘူးမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်ဖြစ်သည့် ကြက်သွန်နီဈေးနှုန်းများမှာ (၁)ပိဿာလျှင် ကျပ်(၁၆၀၀)ဖြစ်ပြီး၊ တတိယပတ်တွင် ကျပ် (၁၃၀၀)ဖြစ်၍ ဈေးအနည်းငယ်တက်နေကြောင်း၊ ရေနံချောင်းမြို့နယ်၊ ပင်းချောင်းတလျောက်ရှိ ကျေးရွာများမှထွက်ရှိသော ကြက်သွန်နီများကို ပွင့်ဖြူ(မဲဇလီ)၊ စလင်း၊ ဆင်ဖြူကျွန်းမြို့များမှ ဝယ်ယူရောင်းချကြောင်းနှင့် စားဖိုဆောင်သီးနှံမှာ ကြက်သွန်ဖြူ(ကြူကုတ်) (၁)ပိဿာလျှင် ကျပ် (၄၅၀၀)၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင် ကျပ်(၅၀၀၀)၊ ငရုတ်ခြောက်ရှည်(၁)ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ် (၂၂၀၀)၊ ဂျင်း(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ကြက်ဥ (၁)လုံး လျှင် ကျပ်(၂၅၀) ဖြစ်ကြောင်း ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

         စားသုံးဆီဈေးနှုန်းမှာ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၇၀၀၀)နှင့် ဆန်ဈေးနှုန်းမှာ မနောသုခ(၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၆၅၀၀၀)၊ ဧရာပဒေသာ (၂၄)ပြည် (၁)အိတ်လျှင် ကျပ်(၈၀၀၀၀)ဖြစ်ကြောင်း ဈေးသည်တစ်ဦး ထံမှသိရှိရပါသည်။

DOCA(မကွေး)