Main menu

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၃ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းမွှေး(သိင်္ဂီ)တစ်ပြည်လျှင် ၅၅၀၀ကျပ်၊ ဧည့်မထ(ဒေသ)ဆန်တစ်ပြည်လျှင် ၃၁၅၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီတစ်ပိဿာလျှင် ၂၂၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် ၅၈၀၀ကျပ်၊ (ရှမ်းစ)တစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ ငရုတ်သီးခြောက်(ရှည်) တစ်ပိဿာလျှင် ၁၇၅၀၀ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၈၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၂၃၀၀ကျပ်၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ၃၀၀၀ကျပ်နှင့် ချင်းတစ်ပိဿာလျှင် ၂၀၀၀ကျပ် စသဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

  ကျိုင်းတုံမြို့တွင် ဧပြီလ(စတုတ္ထပတ်)၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ၇၅၀၀ကျပ်နှင့် ပဲဆီ(ရိုးရိုး)တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၂၅၀ကျပ်နှင့် ဘဲဥတစ်လုံးလျှင် ၃၅၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အသားငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၂၂၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၂၄၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

  ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင် မတ်လ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ရာ ရွှေဘိုပေါ်ဆန်းမွှေး(သိင်္ဂီ)၊ ဧည့်မထ(ဒေသဆန်)၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ(ကြူကုတ်)၊ ငရုတ်သီးခြောက်(ရှည်)၊ အာလူး၊ ငါးကြင်းနှင့် ငါးမြစ်ချင်းဈေးနှုန်းတို့မှာ အနည်းငယ်မြင့်တက်လာပြီး ခရမ်းချဉ်သီးနှင့် ကြက်သွန်ဖြူ(ရှမ်းစ)တို့မှာ ဈေးနှုန်းအနည်းငယ်ကျဆင်း၍ ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။

DOCA(ရှမ်း)