Main menu

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

       အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် သင်္ကြန်အပြီး(၁၉-၄-၂၀၂၃)ရက်နေ့အထိ အရောင်းအဝယ်အနည်းငယ်မျှသာရှိခဲ့ပြီးယခုအပတ်(၂၆-၄-၂၀၂၃)ရက်နေ့တွင် နှမ်းနက်စမုံမှာ (၄၅) ပိဿာ(၁)အိတ်လျှင်ကျပ် (၂၅၅၀၀၀) ဈေးနှုန်းဖြင့် အိတ်(၃၂၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း  ကျန် နှမ်းပြာ၊ နှမ်းဖြူ၊ နှမ်းနီ တို့မှာ အရောင်းအဝယ်နည်းပါးနေသေးကြောင်းအောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

       ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲ(၂၀)ပိဿာ (၁)တင်းလျှင် ယခင်အပတ်(၁၉-၄-၂၀၂၃)ရက်နေ့တွင် ကျပ် (၆၅၀၀၀)ဖြစ်ပြီး ယခုအပတ် (၂၆-၄-၂၀၂၃)ရက်နေ့တွင်လည်း ကျပ်(၆၅၀၀၀)၊ ဘိုကိတ်ပြာ ယခင်အပတ်တွင် ကျပ်(၄၄၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၄၄၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်း မရှိသော်လည်း ပဲစဉ်းငုံ(နီ)မှာ ယခင်အပတ်တွင် ကျပ်(၇၅၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၅၃၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေး လျော့ခဲ့ပါသည်။ ကုလားပဲ(H-L) ယခင်အပတ်တွင် ကျပ် (၇၅၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၅၅၀၀)ဖြစ်၍ ကျပ်(၅၀၀) ဈေးမြင့်ခဲ့ကြောင်း၊ ပဲကြီးယခင် အပတ်တွင် ကျပ်(၈၂၀၀၀မှ ၈၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၃၀၀၀ မှ၉၀၀၀၀)ဖြစ်၍ ကျပ် (၁၁၀၀၀မှ ၁၀၀၀၀) ဈေးမြင့်ခဲ့ပါသည်။ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်ဖြင့် ပဲစဉ်းငုံ(နီ)(၃၂၀)အိတ်၊ မတ်ပဲ(၁၂၀)အိတ်၊ ကုလားပဲ(H-L)(၁၁၀၀) အိတ်၊ ဘိုကိတ်ပြာ (၉၀)အိတ်၊ ပဲကြီး(၁၁၀၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ပါသည်။ ကုလားပဲ(မြကြေး)မှာ ယခင်အပတ်တွင် အရောင်းအဝယ်နည်းပါးခဲ့ပြီး ယခုအပတ်အတွင်း (၁)တင်းလျှင် ကျပ်(၇၆၀၀၀)ဈေးနှုန်းရှိခဲ့ပြီး အိတ်(၆၈၀)ခန့် ရောင်းဝယ်မှုရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

        မြေပဲလုံးဆံ(နီ)မှာ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၇၂၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၅၀၀) ဖြစ်၍ ကျပ်(၃၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မြေပဲလုံးဆံ(ဖြူ)(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၂၅၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၇၀၀)ဖြစ်၍ ကျပ်(၄၅၀)အသီးသီး ဈေးမြင့်တက်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် မြေပဲလုံးဆံ(နီ)(၇၀၀)အိတ်နှင့် မြေပဲလုံးဆံ(ဖြူ) (၃၅၀)အိတ် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။

     ဝါသီးနှံဈေးကွက်တွင် ယခင်အပတ်(၁၉-၄-၂၀၂၃)ရက်နေ့တွင် အရောင်းအဝယ်အနည်းငယ် မျှသာရှိခဲ့ပြီး ယခုအပတ်(၂၆-၄-၂၀၂၃)နေ့တွင် ဝါ(၁)ပိဿာလျှင် ကျပ်(၃၀၀၀မှ ၂၉၀၀) ဈေးနှုန်းဖြင့်ဝါပိဿာချိန်(၁၂၀၀၀) ခန့် အရောင်းအဝယ်ရှိခဲ့ပါကြောင်းနှင့် နှမ်း၊ ပဲမျိုးစုံနှင့် ဝါသီးနှံတို့အား ရန်ကုန်နှင့်မန္တလေးမြို့များသို့တင်ပို့ ရောင်းချလျက်ရှိပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)