၂၀၂၃ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၃၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၃၀၀) ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၁၀၀) ကျပ်တို့ဖြစ်ပါသည်။ တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၂၆၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၃၄၀၀) ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၃၄၀၀) ကျပ်တို့ဖြစ်ပါသည်။
ကျိုင်းတုံမြို့ရှိ ဧပြီလ(စတုတ္ထပတ်) ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၉၇၀၀၀) ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၁၉၀၀၀) ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၁၉၀၀၀) ကျပ်၊ ချာန (သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၄၂၀၀၀) ကျပ်တို့ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (၄၆%) (50)kg တစ်အိတ်လျှင် (၁၃၇၅၀၀) ကျပ်၊ ကွန်ပေါင်း (၁၅ပတ်လည်) (50)kg တစ်အိတ်လျှင် (၁၂၃၀၀၀) ကျပ်၊ ကွန်ပေါင်း (50)kg တစ်အိတ်လျှင် (၁၂၃၀၀၀) ကျပ်တို့ဖြစ်ပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ယခင် မတ်လ(စတုတ္ထပတ်)ထက် ဈေးနှုန်းအနည်းငယ်မြှင့်တက်လျက်ရှိပြီး တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ယခင် မတ်လ(စတုတ္ထပတ်)ထက် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းအနေဖြင့် ကျိုင်းတုံမြို့တွင် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး တာချီလိတ်မြို့တွင် ယခင် မတ်လ (စတုတ္ထပတ်)ထက် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပါသည်။
DOCA(ရှမ်း)