Main menu

နမ့်ဆန်မြို့နယ်၏လက်ဖက်ဈေးကွက်

Powered by Drupal

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်တွင် လက်ဖက်များကို အဓိကထားစိုက်ပျိုးကြကြောင်းသိရှိရပါသည်။ မိုးလွတ်ရွှေဖီဦးနှင့် မိုးမလွတ်သည့်ခက်ကန့် (သို့မဟုတ်) ခါးကန့်ဟူ၍ နှစ်မျိုးရှိကြောင်း သိရှိရပါသည်။ မိုးလွတ်ရွှေဖီလက်ဖက်ကို မတ်လအကုန် ဧပြီလပိုင်းတွင် ခူးဆွတ်ပြီး ခက်ကန့် (သို့မဟုတ်) ခါးကန့်ကို မတ်လမှ စက်တင်ဘာလအထိခူးဆွတ်ရကြောင်းနှင့် ခက်ကန့် (သို့မဟုတ်) ခါးကန့်အရွက်များကို မိုးကြောင့် လက်ဖက်စိုပြုလုပ်ကြကြောင်း သိရှိရပါသည်။

    ရွှေဖီလက်ဖက်မှာ ခက်ကန့် (သို့မဟုတ်) ခါးကန့်လက်ဖက်ဈေးထက်ပိုမိုရရှိကြောင်း၊ တစ်နှစ်ပတ်လျှင် ပျမ်းမျှပိဿာချိန် (၈၀၀၀) ခန့်ထွက်ရှိကြောင်း အရွက်စိမ်းရွှေဖီတစ်ပိဿာလျှင် ယခင်နှစ်က (၁၆၀၀) ကျပ်ဈေးရှိပြီး ယခုနှစ်တွင် (၂၅၀၀) ကျပ်ရရှိကြောင်း၊ ခက်ကန့် (သို့မဟုတ်) ခါးကန့်လက်ဖက်တစ်ပိဿာလျှင် ယခင်နှစ်က (၇၀၀) ကျပ်ရှိပြီး၊ ယခုနှစ်တွင် (၂၀၀၀) ကျပ်ရှိကြောင်း သိရှိရပါသည်။

     ထွက်ရှိလာသည့် လက်ဖက်အညွှန့်လေးများဖြင့် လက်ဖက်စို၊ Black Tea နှင့် Green Tea များကို ပေါင်းလှမ်းခြောက်၊ လက်လှော်ခြောက်နှင့် စက်လှော်ခြောက်ဟူသော နည်းစနစ်များဖြင့်ပြုလုပ်ကြကြောင်း သိရှိရပါသည်။ ယခုအချိန်တွင် နမ့်ဆန်မြို့နယ်မှထွက်ရှိလာသည့် လက်ဖက်စိုနှင့် လက်ဖက်ခြောက်များကို တံဆိပ်အမျိုးစုံ၊ အမယ်အမျိုးစုံဖြင့် မြန်မာနိုင်ငံအနှံ့အပြားသို့ တင်ပို့ဖြန့်ဖြူး ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)