Main menu

ဈေးကွက်သို့ အမြင့်ဈေးဖြင့် စတင်ဝင်ရောက်လာသောပဲတီစိမ်း

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းကာ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ဧပြီလ(တတိယပတ်)အတွင်း ပဲတီစိမ်းများစတင်ဝင်ရောက်လာကြောင်း ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ဧပြီလ(တတိယပတ်)မှစတင်၍ ဆောင်းပဲတီစိမ်းများ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာကြောင်း၊ တတိယအပတ်၌ ပဲတီစိမ်းတစ်တင်းလျှင် (၆၅၀၀ဝိ/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်မှုမှာ (၃၇၅)တင်း/(၁၂)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူတွင် အရောင်းအဝယ်ဖြစ်ခြင်းမရှိကြောင်း၊ ရွှေဘိုခရိုင်အနေဖြင့် (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် ဆောင်းပဲတီစိမ်း(၁၀၈၇၆)ဧကစိုက်ပျိုးခဲ့ပြီး ရွှေဘိုမြို့နယ်တွင် (၂၇)ဧက၊ ဝက်လက်မြို့နယ်တွင် (၄၅၁၆)ဧကနှင့် ခင်ဦးမြို့နယ်တွင် (၆၃၃၃)ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၁၇)တင်းကျော်ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရ သတင်းရရှိပါသည်။  

DOCA(ရှမ်း)