ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ ဧပြီလ(နောက်ဆုံးပတ်)တွင် စပါး/ဆန်ဈေးနှုန်းများမှာ မြင့်တက်လျက်ရှိပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဧပြီလ(တတိယပတ်)တွင် ရန်ကုန်သို့ အိတ်ရေ ၃၄၀၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၃၈၀၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၆၅၀၀အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၆၅၀၀အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၅၀၀အိတ်၊ စုစုပေါင်းအိတ်ရေ ၉၅၅၀၀အိတ်၊ တန်အားဖြင့် ၄၇၇၅တန်စီးထွက်ခဲ့ပါသည်။ ယခုမေလ(ပထမပတ်)တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၄၉၄၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀၀အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀အိတ်၊ စုစုပေါင်းအိတ်ရေ ၁၂၀၀၀၀အိတ်၊ တန်အားဖြင့် ၆၀၀၀တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်ရာ ယခုအပတ်တွင် အိတ်ရေ ၂၄၅၀၀အိတ်၊ တန်အားဖြင့် ၁၂၂၅တန်ပို၍ စီးထွက်ခဲ့ပါသည်။
ရွှေဘိုမြို့၏ ဧပြီလ(နောက်ဆုံးပတ်)တွင် ဖြစ်ပေါ်နေသောစပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၂၈၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၀၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၉၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)