မုံရွာမြို့နယ်အတွင်း ခရမ်းချဉ်သီးကို မိုးဦးနှင့် မိုးနှောင်းကာလများတွင် ဒေသအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးသည် အပူပိုင်းဒေသနှင့် သမနွေပိုင်းဒေသတို့တွင် ကောင်းမွန်စွာစိုက်ပျိုးဖြစ်ထွန်းပါသည်။
ယခုအချိန်တွင် ဒေသတွင်းထွက်ကုန်မရှိသောကြောင့် ဒေသတွင်းခရမ်းချဉ်သီးများဝင်ရောက်မှုနည်းပါးပြီး ဈေးကွက်တွင် ရှမ်းပြည်နယ်၊ အင်းလေး၊ အောင်ပန်းတို့ဘက်မှ ခရမ်းချဉ်သီးများကို ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။ မုံရွာမြို့နယ်အတွင်း ဖြစ်ပေါ်နေသောခရမ်းချဉ်သီးဈေးနှုန်းများမှာ ဧပြီလ(တတိယပတ်)တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် (၁၅၀၀-၂၀၀၀) မှ ယခု ဧပြီလ(စတုတ္ထပတ်)တွင် ကျပ် (၂၂၀၀-၂၄၀၀) ထိဈေးနှုန်းမြှင့်တက်လျက်ရှိသဖြင့် ဈေးနှုန်းမြှင့်တက်လျက်ရှိကြောင်းနှင့် ဈေနှုန်းမြှင့်တက်ရခြင်းမှာ ဒေသတွင်း ထွက်ကုန်နည်းပါးခြင်း၊ ဈေးကွက်အတွင်းသို့ အခြားဒေသများမှ ခရမ်းချဉ်သီးများဝယ်ယူရောင်းချရာတွင် စက်သုံးဆီဈေးနှုန်းများမြင့်တက်လာပြီး သယ်ယူစရိတ်မြင့်မားခြင်းကြောင့် ခရမ်းချည်သီးဈေးနှုန်းများမြှင့်တက်လာရခြင်းဖြစ်ကြောင်း ခရမ်းချဉ်သီးပွဲရုံများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)