ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်တွင် ဆောင်းသီးနှံအဖြစ် ပဲမျိုးစုံလင်စွာ စိုက်ပျိုးထားရှိသော ခရိုင်တစ်ခုဖြစ်ပါသည်။ မိုးစပါးရိတ်သိမ်းပြီးချိန်တွင် မတ်ပဲ၊ ပဲတီစိမ်းကို အဓိကထား၍ စိုက်ပျိုးလျက်ရှိပါသည်။ ယခုအချိန်တွင် ပဲမျိုးစုံရိတ်သိမ်း ပြီးစီးကြောင်း စိုက်ပျိုးရေး စာရင်းများအရ သိရှိရပါသည်။
မတ်ပဲစိုက်/ ရိတ်ဧက (၄၁၄၈၁၁)တွင် ပျမ်းမျှ အထွက်နှုန်း (၁၂)တင်း၊ ပဲတီစိမ်း စိုက်/ ရိတ် ဧက (၆၂၉၆၃) တွင် ပျှမ်းမျှအထွက်နှုန်း(၁၃)တင်း၊ ပဲပုပ် စိုက်/ရိတ်ဧက (၁၉၄၆၀)တွင် ပျှမ်းမျှ အထွက် နှုန်း(၁၅) တင်း၊ ကုလားပဲစိုက်/ရိတ်ဧက (၁၂၄၀၄) တွင် ပျှမ်းမျှအထွက်နှုန်း ၁၃ တင်း၊ ဘိုကိတ် စိုက်/ရိတ်ဧက (၂၇၇၆) တွင် ပျှမ်းမျှ အထွက်နှုန်း(၁၆) တင်း၊ ပဲကြီးစိုက်/ရိတ်ဧက( ၂၆၁၃) တွင် ပျှမ်းမျှ အထွက်နှုန်း(၁၅)၊ စွန်တာနီ (၁၄၈၂)ဧကတွင် ပျမ်းမျှ အထွက်နှုန်း( ၁၅)တင်း၊ ပဲနောက်စိုက်/ရိတ်ဧက (၆၄) တွင် ၊ ပျမ်းမျှ အထွက်နှုန်း(၁၅) တင်း၊ ပဲယဉ်းစိုက်/ရိတ်ဧက(၃၉၃၃) တွင် ပျမ်းမျှအထွက်တင်း (၁၅)တင်း၊ စားတော်ပဲ စိုက်/ရိတ်ဧက (၂၃၉) တွင် ဧက ပျမ်းမျှအထွက်တင်း (၁၄)တင်း၊ ထောပတ်ပဲ စိုက်/ရိတ်ဧက(၃၁၆၆) တွင် ပျမ်းမျှအထွက်တင်း(၁၆) တင်း၊ ပဲဖြူလေး စိုက်/ရိတ်ဧက(၁၇၇၇) တွင် ပျမ်းမျှအထွက်တင်း(၁၆)တင်း၊အခြားပဲ စိုက်/ရိတ်ဧက(၁၆၅၅) တွင် ပျမ်းမျှအထွက်တင်း (၁၅)တင်း တို့ဖြင့် သာယာဝတီခရိုင် ပဲမျိုးစုံနှင့်အခြားပဲစိုက်ပျိုးရိတ်သိမ်းပြီးစီးမှုဧက စုစုပေါင်း (၅၃၅၃၃၆)ဧက၊ ရိတ်သိမ်းပြီးစီးပါကြောင်းနှင့် ပျမ်းမျှအထွက်နှုန်းများမှာ တောင်သူများထံမှ သိရှိရသောကွက်ကောက် အထွက်နှုန်းများဖြစ်ကြောင်း သိရပါသည်။
DOCA(ပဲခူး)