Main menu

တွက်ခြေကိုက်တဲ့ ရုံးပတီသီး

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ် ရုံးပတီသီး၊ ငရုတ်၊ သခွား၊ ခရမ်းသီး၊ ဘူးသီး အစရှိသော ရာသီစာသီးနှံများကိုစိုက်လျှက်ရှိပြီး တစ်နိုင်တစ်ပိုင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိ  အောင်လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါသည်။ လင်းလွန်းပင်ရွာ ၊ ဥတိုရွာ၊ကြံတောချောင်းနားရွာများတွင်   စိုက်ပျိုးလျက်ရှိကြပါသည်။ ဒေသတွင်း စားသုံးရန်သာမက ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရသည်။

          ရုံးပတီသီး စိုက်ပျိုးရာတွင် လယ်မြေ တစ်ကြိုးလျှင် အပင်ရေ ၂၀၀၀/မှ ၂၅၀၀ ပင်ထိ စိုက်ပျိုးနိုင်ပါသည်။   ရုံးပတီးသီးစိုက်ပျိုးရာတွင် ဘောင်တင်၍ ကျင်းတူးကာ တစ်ကျင်းလျှင် မျိုးစေ့  ၂စေ့ ခန့် ထည့်၍ ၂ ပေခြား စိုက်ပျိုးကြရပါသည်။ တစ်ကျိုးလျှင် စိုက်ပျိုးကုန်ကျစရိတ်မှာ မြေပြင်ခ ၊ မျိုးစေ့၊ ဆေးသုံးစွဲမှု၊ ရေတင်ခ၊ ပေါင်းလိုက်ခ၊ ခူးဆွတ်/သယ်ယူခ အထိ စုစုပေါင်း၂၈၀၀၀၀/ ကျပ်ခန့် ကုန်ကျ ပါသည်။ ရုံးပတီပင်သည်   စိုက်ပျိုးပြီး ၄၅ ရက် အကြာတွင် စတင်ခူးဆွတ်ရပြီး တစ်ရက်ခြား တစ်ခါ ခူးဆွတ်ရကာ စုစုပေါင်း ၁ လခွဲ (အကြိမ် ၂၀) ခန့်ခူးဆွတ်ရသည်။ တစ်ကြိမ်ခူးဆွတ်လျှင် အတောင့်ရေ (၄၅၀၀) ရရှိပြီး ဒေသဈေးအရ  ၅ကျပ် မှ ၁၀ ကျပ် အထိ ရောင်းချရ၍ ရုံးပတီ တစ်ကြိုးစိုက်လျှင် ၂၅၀၀၀၀ / ကျပ်ခန့်  အကျိုး/အမြတ်ရရှိနိုင်ပါကြောင်း ရုံးပတီစိုက်တောင်သူထံမှ သိရှိရပါသည်။

DOCA(ပဲခူး)