Main menu

ပေါ်ဦးပေါ်ဖျားဈေးကောင်းရနေသည့် ပြည်မြို့ထွက်မြကျောက်သရက်သီး

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့သည် သရက်သီးဈေးကွက်တွင် အရောင်းအဝယ်ကောင်းသည့် မြို့တစ်မြို့ဖြစ်ပါသည်။ သရက်သီးပေါ်ချိန်ဆိုလျှင် ပြည်ဈေးကွက်မှ သရက်သီးအမျိုးအစား စုံလင်စွာရရှိပြီး သီးနှံအရည်အသွေးကောင်းသောကြောင့် အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချကြပါသည်။ ဧပြီလမှစပြီး ပြည်မြို့မှ မြကျောက်သရက်သီးများ ဈေးကွက်အတွင်းမှာ စတင်ရောင်းချလာကြပါသည်။ မြကျောက်သရက်သီးကိုတော့ အမှည့်စားသုံးခြင်း၊ လက်ဆောင်ပေးခြင်းအတွက်လည်း အထူးဝယ်ယူကြပါသည်။ မြကျောက်သရက်သီးများမှာ ပြည်မြို့တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ်၊ ဆင်တဲ၊ ရွှေဘုံသာရွာ၊ ရွှေတောင်မြို့နယ်ဘက်ရှိ ဥယျာဉ်နှင့် ပြည်မြို့နယ်ရှိ ချောင်းနားတန်းနှင့် လက်ခုပ်ပင်တို့ဘက်မှ အများဆုံးလာရောက်ရောင်းချကြပါသည်။ မြကျောက်သရက်သီးမှာ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် တစ်လုံးလျှင် (၁၅၀၀-၁၀၀၀-၇၀၀)ကျပ်ဖြင့် ဈေးကောင်းရ၍ ရောင်းချနေကြောင်းသိရပါသည်။

DOCA(ပဲခူး)