Main menu

တောင်ငူမြို့ ငါးခြောက်ဈေးကွက်

Powered by Drupal

      တောင်ငူမြို့ ၊ မြို့မဈေးရှိ ငါးခြောက်ဆိုင်များတွင် ငါးတံခွန်ခြောက်(ဓါးစင်း) တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ အကောင်လိုက် အကောင်သေး တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်နှင့် အကောင် ကြီးပါက တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်အထိ ရှိပါသည်။

    တီလားဗီးယားခြောက်မှာ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ၊ ငါးမဲလုံးခြောက်မှာ  တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ၊ ငါးရောင်ခြောက်မှာ တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်အထိ၊ ပလာတူး(ခေါ်)ငါးသေတ္တာခြောက်မှာ တစ်ပိဿာလျှင် ၈၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ၊ ငါးခွေးလျှာခြောက်မှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ် အထိ၊ အသားမြောင်းခြောက်မှာ တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်အထိ ရှိပါ သည်။

      ငါးပြေမခြောက်မှာ အကောင် အသေး၊ အလတ်၊ အကြီးမျိုးစုံရှိပြီး တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်အထိ ဈေးနှုန်းအမျိုးမျိုးရှိပါသည်။ ပုဇွန်ခြောက်မှာလည်း အကောင် အသေး၊ အလတ်၊ အကြီးမျိုးစုံရှိပြီး တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၅၆၀၀၀ ကျပ်အထိ ဈေးနှုန်းအမျိုးမျိုးရှိပါသည်။ ငါးရံ့ခြောက်မှာလည်း အသေး၊ အလတ်၊ အကြီးပေါ်မူတည်၍ တစ်ပိဿာလျှင် ၆၀၀၀၀ ကျပ်မှ ၁၂၀၀၀၀ ကျပ်အထိ ဈေးနှုန်းအမျိုးမျိုးရှိကြောင်း တောင်ငူမြို့ မြို့မဈေးကြီးရှိ ငါးခြောက်အရာင်းဆိုင်များမှ သိရပါသည်။

DOCA(ပဲခူး)