နွေရာသီတွင် အပူချိန်အလွန်ပြင်းသဖြင့် ဘုရားပူဇော်ရာတွင် အပွင့်ပန်းများအစား တာရှည်ခံသည့် ဇော်စိမ်း(ခေါ်)အုန်းစိမ်းပန်းများဖြင့် ပူဇော်ကြသဖြင့် ၎င်းပန်းများမှာ အရောင်းသွက်လျက်ရှိပါသည်။
အုန်းစိမ်းပန်းကို ခြံဖြင့်စိုက်ပျိုးသူများရှိသကဲ့သို့ အိမ်များတွင် စီးပွားဖြစ်မဟုတ်ဘဲ စိုက်ပျိုးသူများလည်းရှိပါသည်။ ဘုရားပန်း ကပ်လှူရာတွင် တာရှည်ခံသဖြင့် ပူပြင်းသည့် အညာဒေသမှ လာရောက်ဝယ်ယူကြပါသည်။ ယခုလိုပူပြင်းသည့် ဧပြီ၊ မေလများတွင် ဒေသတွင်း၌လည်း အများဆုံးအသုံးပြုကြပါသည်။
အုန်းစိမ်းပန်းတွင် ပလပ်စတစ်အလှများဖြင့် မွမ်းမံထားသော ပန်းများမှာ ၅ တံစည်း တစ်စည်းလျှင် ၇၀၀ ကျပ်၊ သုံးစည်းလျှင် ၂၀၀၀ ကျပ်ဖြင့်ရောင်းပြီး ရိုးရိုးအုန်းစိမ်း/အုန်းကြားပန်းများမှာ ၅ တံစည်းတစ်စည်း ၃၅၀ ကျပ်၊ သုံးစည်း ၁၀၀၀ ကျပ်ဖြင့် အရောင်းသွက်လျက်ရှိကြောင်း တောင်ငူမြို့ ညောင်ပင်ဈေးရှိ ဘုရားပန်းအရောင်းဆိုင်များမှ သိရပါသည်။
DOCA(ပဲခူး)