Main menu

၂၀ လီတာ ရေသန့်ဘူးကြီးအား ၅၀၀ိ/ ကျပ်နှုန်းဖြင့်ရောင်းချပေးလျက်ရှိ

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးခရိုင် ဒုခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ပဲခူးခရိုင်၊ ဝေါမြို့ ပဲခူး - မော်လမြိုင်ကားလမ်းပေါ်ရှိ  SKY  WAW  သောက်ရေသန့်လုပ်ငန်းပိုင်ရှင် ဦးကျော်ဇင်ထွန်းနှင့် သွားရောက်တွေ့ဆုံ၍ ရေသန့်စက်ထုတ်လုပ်လည်ပတ်မှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများ၊ ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာဖေါ်ပြထားခြင်းရှိ/ မရှိ အခြေအနေများအား ကွင်းဆင်းလေ့လာစုံစမ်းခဲ့ပါသည်။

            SKY  WAW ‌သောက်ရေသန့်စက်မှာ တစ်နာရီ  ၃၀၀၀ လီတာထွက် စက်ဖြစ်ပြီး၊ တစ်ရက်လျှင် ၂၀ လီတာဘူး ၂၀၀ - ၂၅၀ ကြားရောင်းချလျက်ရှိကြောင်း၊ စက်ပြုပြင်ထိန်းသိမ်းမှုအနေဖြင့် တစ်ပတ်လျှင် Filter ချောင်း ( ၁၀) ချောင်း တစ်သိန်းကျပ်ဝန်းကျင်ခန့် ပုံမှန်လဲလှယ်ပေးရကြောင်း၊ (၆) လလျှင် တစ်ကြိမ် စက်ပြုပြင်ထိန်းသိမ်းမှုစရိတ်အနေဖြင့် (၅) သိန်းကျပ်မှ (၁၀) သိန်းကျပ်ခန့် ကုန်ကျစရိတ်ရှိပါကြောင်း၊ ရေသန့်ဗူး (၂၀)လီတာ တစ်ဘူးလျှင် (၅၀၀ိ/) ကျပ်နှုန်းဖြင့် အိမ်အရောက် ရောင်းချပေးလျက်ရှိပါကြောင်း စုံစမ်းသိရှိရပါသည်။

         ဆက်လက်၍ ဒု-ခရိုင်ဦးစီးမှူးမှ ရေသန့်ထုတ်လုပ်ရောင်းချရာတွင် အရည်အသွေးပြည့်မီစွာ ထုတ်‌လုပ်ရောင်းချရန်၊ ကုန်ညွှန်းအမှတ်အသားများအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉  သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြထားရှိရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်(၁၁) ချက်အား သိရှိလိုက်နာစေရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)