Main menu

ဒိုက်ဦးမြို့နယ်ရှိ နွေစပါးစိုက်ပျိုးထားရှိမှုအခြေအနေ

Powered by Drupal

      ဒိုက်ဦးမြို့နယ်တွင် နွေစပါး စိုက်ပျိုးလျက်ရှိရာ  စိုက်ဧက ( ၃၈၈၆၇ ) ဧကဖြစ်ကြောင်း သိရှိရသည်။ စိုက်ပျိုးသည့် မျိုးစပါးများအနေဖြင့် ရတနာတိုး- ( ၄၅၈၇ ) ဧက ၊ ဆင်းသုခ - ( ၁၉၄၆၀ ) ဧက ၊ မှော်ဘီ(၂) - ( ၄၂၃၄ )ဧက ၊  ရက်(၉၀)စပါး - ( ၁၁၀၅၈၆ )ဧက ပါဝင်စိုက်ပျိုးကြောင်း သိရသည်။နွေစပါးစိုက်ပျိုးရာတွင် မျိုးစပါးကြဲခြင်း ၊ သွင်းအားစု ၊ ထွန်ယက်ခြင်း ၊ ရိတ်သိမ်းခ ၊ လုပ်သားခ တို့အပါအဝင် တစ်ဧက ကုန်ကျစရိတ်မှာ ( ၅၀၅၀၀၀ ) ကျပ်ဖြစ်ကြောင်း သိရှိရသည်။

     ယခုအခါ နွေစပါးထွက်ရှိပြီး ထက်ဝက်ခန့်ရိတ်သိမ်းပြီးဖြစ်ရာ   ပျမ်းမျှအထွက်နှုန်းမှာ တင်း( ၈၀ ) ခန့် ဖြစ်သည်။  စပါးတစ်တင်းလျှင် ( ၁၃၂၀၀ ) ကျပ် ဖြင့် စက်များမှဝယ်ယူကာ အရောင်းဝယ်ဖြစ်နေကြောင်း သိရှိရသည်။ ဆန်တစ်အိတ်လျှင် ( ၆၀၀၀၀ ) ကျပ် ပေါက်ဈေးဖြစ်ပြီး တစ်ဧကလျှင် အကျိုးအမြတ်မှာ ( ၅၅၀၀၀၀ ) ကျပ်ခန့် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)