ညောင်လေးပင်မြို့ စည်ပင်သာယာမြို့မဈေး၌ ရောင်းချလျက်ရှိသော ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ရွှေဖရုံသီး၊ ရွှေပဲသီး၊ ဗိုလ်စားပဲ၊ မုန်လာဥနီ၊ မုန်ညင်း၊ ခရမ်းချဉ်သီးနှင့် အာလူးသီးနှံများမှာ ရှမ်းပြည်နယ်အောင်ပန်းမြို့မှ ဝင်ရောက်ကြောင်း သိရှိရသည်။
၂၀၂၃ခုနှစ်၊ ဧပြီလတတိယပတ်တွင် ဂေါ်ဖီထုပ် တစ်ပိဿာလျှင် ကျပ် ၂၅၀၀၊ ပန်းဂေါ်ဖီ တစ်ထုပ်လျှင် ကျပ် ၈၀၀ မှ ၁၂၀၀ အတွင်း၊ ရွှေဖရုံသီး တစ်လုံးလျှင် ကျပ် ၁၂၀၀ မှ ၁၅၀၀ အတွင်း၊ ရွှေပဲသီး တစ်ပိဿာလျှင်ကျပ် ၆၀၀၀ ၊ ဗိုလ်စားပဲ တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ မုန်လာဥနီ တစ်ပိဿာလျှင် ကျပ် ၂၂၀၀ ၊ မုန်ညင်း တစ်ပိဿာလျှင်ကျပ် ၁၆၀၀ ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၂၂၀၀ မှ ၂၄၀၀ အတွင်း၊ အာလူး တစ်ပိဿာလျှင်ကျပ် ၂၂၀၀ မှ ၂၆၀၀ အတွင်းဖြင့် ရောင်းချနေပြီး ဒေသထွက် ဟင်းသီးဟင်းရွက်များဖြစ်သော ကန်စွန်းရွက်(တရုတ်) တစ်စည်းလျှင် ကျပ် ၁၀၀ မှ ၃၀၀ အတွင်း၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ကျပ် ၅၀ မှ ၂၀၀ အတွင်း၊ ဆလပ်ရွက် တစ်စည်းလျှင် ကျပ် ၂၅၀ မှ ၃၀၀ အတွင်း၊ ပဲသီး တစ်စည်းလျှင် ကျပ် ၃၀၀ မှ ၅၀၀ အတွင်း၊ ဘူးသီး တစ်လုံးလျှင် ကျပ် ၇၀၀ မှ ၁၂၀၀ အတွင်း၊ ခရမ်းသီး(အရှည်) တစ်ပိဿာလျှင် ကျပ် ၁၂၀၀ မှ ၁၅၀၀ အတွင်း၊ ငရုပ်သီးစိမ်း တစ်ပိဿာလျှင် ကျပ် ၂၂၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
DOCA(ပဲခူး)