ဧပြီလတတိယအပတ်အတွင်း ညောင်လေးပင်မြို့၌ အခြေခံစားကုန်များဖြစ်သော ရွှေဘို ပေါ်ဆန်းဆန်တစ်ပြည်ကျပ် ၄၀၀၀၊ ဇီယာဆန်တစ်ပြည် ကျပ် ၂၈၀၀ နှင့် ဆင်းသုခတစ်ပြည်ကျပ် ၂၆၀၀ ဖြစ်ပြီး စားသုံးဆီဈေးနှုန်းမှာ ပဲဆီသန့် တစ်ပိဿာလျှင် ကျပ် ၁၃၀၀၀ နှင့် စားအုန်းဆီ တစ်ပိဿာလျှင် ၅၇၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၁၄၀၀ မှ ၁၆၀၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် ကျပ် ၄၅၀၀ မှ ၅၅၀၀ အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ကျပ် ၅၀၀၀ မှ ၅၅၀၀ အတွင်း၊ ချင်း တစ်ပိဿာလျှင် ကျပ် ၃၀၀၀ မှ ၃၅၀၀ အတွင်း၊ အာလူး တစ်ပိဿာလျှင် ကျပ် ၂၂၀၀ မှ ၂၆၀၀ အတွင်းနှင့် ခရမ်းချဉ်သီး တစ်ပိဿာလျှင်ကျပ် ၂၂၀၀ မှ ၂၄၀၀ အတွင်းဖြင့် အရောင်းအဝယ်ဖြစ်နေသည်။
ကြက်ဥ တစ်လုံးလျှင်ကျပ် ၂၄၀ မှ ၂၆၀ အတွင်း၊ ဘဲဥ တစ်လုံးလျှင်ကျပ် ၂၈၀ မှ ၃၂၀ အတွင်း ရှိသည်။ ညောင်လေးပင်မြို့၏ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် ကျပ် ၉၀၀၀ မှ ၁၀၀၀၀ အတွင်း၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ အတွင်း၊ အမဲသား တစ်ပိဿာလျှင်ကျပ် ၁၄၀၀၀ မှ ၁၅၀၀၀ အတွင်း၊ ဝက်သား တစ်ပိဿာလျှင်ကျပ် ၁၅၀၀၀ မှ ၁၆၀၀၀ အတွင်း၊ ငါးကြင်း တစ်ပိဿာလျှင်ကျပ် ၅၇၀၀ မှ ၆၅၀၀ အတွင်း၊ ငါးမြင်းတစ် ပိဿာလျှင်ကျပ် ၄၀၀၀ မှ ၅၀၀၀ အတွင်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
DOCA(ပဲခူး)