Main menu

နန္ဒဝန်ဝန်ထမ်းအိမ်ရာတွင် ခရိုင်ဆီကုန်သည်အသင်းက စားအုန်းဆီများရောင်းချပေးနေမှုအား ကွင်းဆင်းကြီးကြပ်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း/သိုလှောင်/ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းပြီး ပြည်ပမှတင်သွင်းလာသည့်စားသုံးဆီများ သတ်မှတ်အရည်အသွေးစံချိန်စံညွှန်းများနှင့်ပြည်မီစေရေး၊ စားသုံးသူပြည်သူများသည် ကျန်းမာရေးနှင့်ညီညွှတ်သောစားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ စားအုန်းဆီကမ္ဘာ့စျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ခရိုင်ဆီကုန်သည်အသင်းသည် (၂၈-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ ဝန်ထမ်းအိမ်ရာရှိ ဝန်ထမ်းများအား ရောင်းချပေးခဲ့ရာ မုံရွာခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် သွားရောက်ကွင်းဆင်းကြီးကြပ်မှုများဆောင်ရွက်ခဲ့ပါသည်။

    ခရိုင်ဆီအသင်းအနေဖြင့် ကုမ္ပဏီများက ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသောစားအုန်းဆီများကို တိုင်းဒေသကြီးအရောက်သယ်ယူပို့ဆောင်စရိတ်များပေါင်း၍ ၂ရာခိုင်နှုန်းထက်မများသော အမြတ်ပေါင်းကာ  သက်သာသောဈေးနှုန်းနှင့် စျေးကားများနှင့်လာရောက်၍ စားအုန်းဆီ(၁)ပိဿာလျှင် (၅၂၀၀) ကျပ်ဖြင့် လူတစ်ဦးလျှင် (၁) ပိဿာနှုန်းရောင်းချပေးခဲ့ပါသည်။   ထို့သို့ရောင်းချရာတွင်  စားသုံးသူပြည်သူများအဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး၊ စားအုန်းဆီစျေးနှုန်းများမှန်ကန်စေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေးနှင့် စားအုန်းဆီဝယ်ယူရာတွင် စနစ်တကျရှိစေရေး ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(စစ်ကိုင်း)