မုံရွာခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများမြင့်တက်လျက်ရှိပါကြောင်း သိရပါသည်။
မုံရွာမြို့၏ မေလ(ပထမပတ်)တွင် ဖြစ်ပေါ်နေသော စပါး/ဆန်းဈေးနှုန်းများမှာ ဧရာမင်းစပါးတင်း၁၀၀လျှင် ကျပ်(၂၀၀၀၀၀၀မှ ၂၁၀၀၀၀၀)ထိ၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်(၈၀၀၀၀မှ ၈၅၀၀၀)ထိ၊ မနောသုခစပါးတင်း၁၀၀လျှင် ကျပ်၁၆၀၀၀၀၀၊ မနောသုခဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ပေါ်ဆန်းစပါးတင်း ၁၀၀လျှင် ကျပ်၂၇၀၀၀၀၀၊ ပေါ်ဆန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၀၀၀၀တို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။
ယခင်လ၊ ပထမပတ်စပါး/ဆန်ဈေးနှုန်းများနှင့် ယခုလ၊ ပထမအပတ်ဈေးနှုန်းများကိုနှိုင်းယှဉ်လျှင် ဧရာမင်းစပါးတင်း၁၀၀လျှင် ၁၀၀၀၀၀ကျပ်၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ၅၀၀၀ကျပ်၊ မနောသုခစပါးတင်း၁၀၀လျှင် ၂၀၀၀၀၀ကျပ်၊ မနောသုခဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ၅၀၀၀ကျပ်၊ ပေါ်ဆန်းစပါးတင်း၁၀၀လျှင် ၄၀၀၀၀၀ကျပ်၊ ပေါ်ဆန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ၅၀၀၀ကျပ် စသည်ဖြင့် အသီးသီးဈေးနှုန်းမြှင့်တက်ကြောင်း မုံရွာမြို့နေ ဆန်စက်ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)