Main menu

မုံရွာမြို့နယ်အတွင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချ

Powered by Drupal

   မုံရွာမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများစားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းချိုသာ၍ အရေအတွက်၊ အလေးချိန်နှင့် အရည်အသွေးပြည့်ဝမှန်ကန်စွာရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မုံရွာမြို့နယ်၊ စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ စားအုန်းဆီများဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရပါသည်၊၊

     စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီတစ်ပိဿာရည်ညွှန်းဈေးအပေါ်အခြေခံ၍ သယ်ယူပို့ဆောင်ခအပါ ကုန်ကျစရိတ်တွင် အမြတ် ၂ရာခိုင်နှုန်းတွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁ ပိဿာနှုန်းဖြင့် ရောင်းချပေးကြောင်း သိရပါသည်။

  မုံရွာမြို့နယ်အတွင်း  (၁-၄-၂၀၂၃) ရက်နေ့မှ (၇-၄-၂၀၂၃) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၆၆၀၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့်လည်းကောင်း၊  (၁၀-၄-၂၀၂၃) ရက်နေ့မှ (၂၁-၄-၂၀၂၃) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၉၂၄၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၅၃၀၀ကျပ်ဖြင့်လည်းကောင်း၊  (၂၄-၄-၂၀၂၃) ရက်နေ့မှ (၂၈-၄-၂၀၂၃) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၆၆၀၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၅၂၀၀ကျပ်ဖြင့်လည်းကောင်း၊  စုစုပေါင်းပိဿာချိန် (၂၂၄၄၀) ပိဿာခန့်အား လူစည်ကားရာရပ်ကွက်၊ ဈေးများအပြင် မြို့စွန်ရပ်ကွက်များသို့ပါ ဈေးကားများဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်း၊ မုံရွာမြို့နယ်၊ စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)