ကချင်ပြည်နယ်သည် မြန်မာနိုင်ငံမြောက်ဖျားပိုင်းတွင်တည်ရှိခြင်း၊ ဧရာဝတီမြစ် မြစ်ဖျားခံရာဒေသဖြစ်ခြင်း၊ မြန်မာနိုင်ငံတွင် အကြီးဆုံးအိုင် အင်းတော်ကြီး၏တည်ရှိရာဒေသဖြစ်ခြင်း၊ တောတောင်သဘာဝရှုခင်းများပေါများခြင်း၊ဇီဝမျိုးကွဲများပေါများရာဒေသဖြစ်ခြင်းနှင့် သီးနှံမျိုးစုံ စိုက်ပျိုးနိုင်ရန်အတွက် မြေဩဇာကောင်းမွန်ရာဒေသဖြစ်ခြင်းတို့ကြောင့် မြန်မာနိုင်ငံ၊မည်သည့်ဒေသတွင်မျှ စိုက်ပျိုးထွက်ရှိခြင်းမရှိသည့် ဂရိတ်ဖု၊ လှိုင်ချီး၊ လိမ္မော်သီး၊ငါးပေါက်သီးများအပြင် သီးနှံမျိုးစုံ စိုက်ပျိုးထွက်ရှိပါသည်။
မိုးညှင်းခရိုင်သည် ကချင်ပြည်နယ်၏စပါးကျီဖြစ်ပြီး စပါးအပြင် ပဲမျိုးစုံ ပဲပုပ်၊ဆီထွက်သီးနှံ နေကြာနှင့် မြေပဲများ အဓိကထွက်ရှိရာဒေသဖြစ်ပါသည်။ခရိုင်အတွင်း နန့်ယင်းလွင်ပြင်၊ ဟိုပင်ဒေသနှင့် အင်းတော်ကြီးအိုင်၏ ဘေးဝဲယာဒေသများတွင် ပဲပုပ်ကို အဓိကထား စိုက်ပျိုးကြပြီး စပါးသိမ်းပြီးနောက် ဆောင်းသီးနှံအဖြစ် သီးထပ်စိုက်ပျိုးကြပါသည်။ ခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် တစ်သောင်းကျော် စိုက်ပျိုးနိုင်ခဲ့ရာ ထွက်ရှိသည့်သီးနှံများကို ဆီတို့ဟူးပြုလုပ်ခြင်းနှင့် စားသုံးဆီအဖြစ် ကြိတ်ခွဲစားသုံးကြခြင်းတို့အပြင် မန္တလေး၊ရန်ကုန်ဒေသများသို့ တင်ပို့လျက်ရှိကြောင်းသိရှိရသည်။ ဇန်နဝါရီလတွင် စတင်ထွက်ရှိခဲ့ပြီး စတင်ထွက်ရှိချိန်တွင် တစ်တင်းလျှင် ၄၅၀၀၀ ကျပ် ရှိခဲ့ကြောင်း၊ ယခု၂၀၂၃ခုနှစ်၊ ဧပြီလကုန်တွင် တစ်တင်းလျှင် ၃၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲပုပ်သီးနှံသည် တစ်ဧက ကုန်ကျစရိတ်နည်းပါးကြောင်း၊ အကျိုးအမြတ်များသည့် သီးနှံဖြစ်ခြင်းကြောင့် တောင်သူများ၏ စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်း၌ အကျိုးပြုလျက်ရှိရာ နှစ်စဉ်တိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ကချင်)