Main menu

သင်္ကြန်အလွန် စစ်တွေမြို့မဈေးအတွင်း အခြေခံစားကုန်များ၏ ဈေးနှုန်းများမြင့်တက်လာ

Powered by Drupal

     ၂၀၂၃ ခုနှစ် မေလ ပထမပတ်အတွင်း စစ်တွေမြို့မဈေးအတွင်း အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်း ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် (၈၇၀၀၀ မှ ၉၀၀၀၀) အတွင်း၊ ဧည့်မထ(သီရိဒုံ) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် (၇၁၀၀၀ မှ ၇၃၀၀၀)အတွင်း၊ ငစိန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် (၆၂၀၀၀ မှ ၆၃၀၀၀) အတွင်း၊ ကြက်သွန်ဖြူ(ကြူကုတ်) ၁၀ ပိဿာ တစ်အိတ်လျှင် ကျပ် (၆၀၀၀၀ မှ ၆၂၀၀၀)အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း) ၁၀ ပိဿာ တစ်အိတ်လျှင် ကျပ် (၅၃၀၀၀ မှ ၅၅၀၀၀) အတွင်း၊ ကြက်သွန်နီ ၁၀ ပိဿာ တစ်အိတ်လျှင် ကျပ် (၁၈၀၀၀ မှ ၂၀၀၀၀) အတွင်း၊ ဂျင်း တစ်ပိဿာလျှင် ကျပ် (၄၀၀၀ မှ ၄၂၀၀)အတွင်း၊ ငရုတ်သီးခြောက်(အိန္ဒိယ) တစ်ပိဿာလျှင် ကျပ်(၁၄၀၀၀ မှ ၁၅၀၀၀) အတွင်း၊ ငရုတ်သီးခြောက်(ဒေသထွက်) တစ်ပိဿာလျှင် ကျပ် (၁၈၀၀၀ မှ ၁၉၀၀၀၀) အတွင်း ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် (၁၈၀၀ မှ ၂၀၀၀) အတွင်း၊ ခရမ်းသီး တစ်ပိဿာလျှင် ကျပ် (၁၅၀၀ မှ ၁၈၀၀) အတွင်း၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် (၇၃၀၀ မှ ၇၅၀၀) အတွင်း၊ ဝက်သား တစ်ပိဿာလျှင် ကျပ် (၂၂၀၀၀ မှ ၂၄၀၀၀) အတွင်း၊ အမဲသား တစ်ပိဿာလျှင် ကျပ် (၂၃၀၀၀ မှ ၂၄၀၀၀) အတွင်း၊ ငရုတ်သီးစိမ်း(ဒေသထွက်) တစ်ပိဿာလျှင် ကျပ် (၂၂၀၀ မှ ၂၅၀၀) အတွင်း အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး ၂၀၂၃ခုနှစ်၊ဧပြီလအတွင်း အရောင်းအဝယ် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းထက် မေလ ပထမပတ်အတွင်း အခြေခံစားကုန်များ မြင့်တက်လာကာ အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း ဈေးဆိုင်/ပွဲရုံများထံမှ သိရပါသည်။

DOCA(ရခိုင်)