Main menu

သင်္ကြန်အပြီးကြက်သွန်ဖြူဈေးကွက်

Powered by Drupal

     ယခု၂၀၂၃ခုနှစ်၊ မေလ(ပထမအပတ်)တွင် ရှမ်းပြည်နယ်အတွင်းရှိ ဈေးကွက်များ၌ သင်္ကြန်ကာလပြီးနောက် ကြက်သွန်ဖြူ အဝင်များလာကြောင်းတွေ့ရှိရပါသည်။ တောင်ကြီး၊ ညောင်ရွှေ၊ အောင်ပန်း‌ဈေးကွက် များ၌ ကြက်သွန်ဖြူ(အခြောက်)များ ဝင်လာလျက်ရှိပြီး၊ အရောင်းအဝယ်လည်းဖြစ်နေကြောင်း၊ သင်္ကြန်မတိုင်မီက (အစို)များသာ အဝင်ရှိခဲ့ကြောင်း၊ ယခုရာသီဥတုပူပြင်းမှုကြောင့် ပစ္စည်းများ ခြောက်သွေ့လာသဖြင့် တောင်သူများကလည်း အလျော့များလာမှာစိုးရိမ်၍ အပြိုင် အဆိုင်ရောင်းလာကြကြောင်း၊ အောင်ပန်းဈေးကွက်တွင် ပင်လောင်း၊ ပင်းတယ၊ ရွာငံ၊ ဟဲဟိုးတစ်ဝိုက် မှထွက်ရှိသော ကြက်သွန်ဖြူများ အဝင်များလျက်ရှိကြောင်း၊ ဧပြီလက ဂျွန် ဟုခေါ်သော အရောများ သာအဝင်ရှိကြောင်း၊ ယခုကာလတွင် ပစ္စည်းများအဝင်များလာသဖြင့် အရည်အသွေးသတ်မှတ်ပြီး ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းဝယ်နေကြောင်း၊ ယခုတစ်ပတ် အောင်ပန်းဈေးကွက်တွင် ကြက်သွန် ဖြူတစ်ပိဿာပေါက်ဈေးများမှာ  ထူး-(၁) ၃၂၀ဝိ ကျပ်၊ ထူး-(၂)  ၃၇၀ဝိ ကျပ်၊ ထူး-(၃) ၄၃၀ဝိ ကျပ် ၊ ထူး-(၄)  ၄၈၀ဝိ ကျပ် ၊ ထူး-(၅)  ၄၉၀ဝိ ကျပ် ၊ ထူး-လွန် ၅၅၀ဝိ ကျပ် နှင့် ကြူကုတ် ကြက်သွန် မှာ ၅၉၀ဝိ ကျပ် ဈေးရှိကြောင်း အောင်ပန်း ကြက်သွန်ပွဲရုံများမှ သတင်းရရှိပါသည်။

DOCA(ရှမ်း)