Main menu

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

      အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ (၁)အိတ်လျှင် ယခင်အပတ် (၂၇-၄-၂၀၂၃)နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၅၅၀၀၀) ရှိခဲ့ရာမှ ယခုအပတ်(၂-၅-၂၀၂၃)နေ့တွင် ကျပ်(၂၈၀၀၀၀) ထိရှိခဲ့၍ ကျပ်(၂၅၀၀၀)ဈေးမြင့်ခဲ့ပြီး  (၃၈၀)အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်း နှင့် နှမ်းပြာ၊ နှမ်းဖြူ၊ နှမ်းနီတို့မှာ ရောင်းဝယ်မှုအဝင်၊အထွက်နည်းပါးနေသေးကြောင်း အောင်လံ ကုန်စည်ဒိုင်မှသိရှိရပါသည်။

       ပဲမျိုးစုံ ဈေးကွက်တွင် ပဲစဉ်းငုံ(နီ)မှာ (၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ် (၇၅၃၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၇၂၀၀)ဖြစ်၍ ကျပ်(၁၉၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မတ်ပဲ ယခင်အပတ်တွင် ကျပ်(၆၅၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၈၀၀၀)ဖြစ်၍ ကျပ်(၃၀၀၀) ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ (မြကြေး) ယခင်အပတ်တွင် ကျပ်(၇၆၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၆၅၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ဘိုကိတ်ပြာ ယခင်အပတ်တွင် ကျပ်(၄၄၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၄၅၀၀)ဖြစ်၍ ကျပ်(၅၀၀)အသီးသီးဈေးမြင့်ခဲ့ပါကြောင်း သိရသည်။ထို့နောက် ကုလားပဲ(HL) ယခင်အပတ်တွင် ကျပ်(၇၅၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၅၀၀၀)ဖြစ်၍ ကျပ်(၅၀၀) ဈေးလျော့ခဲ့ကြောင်း၊ ပဲကြီး ယခင်အပတ်တွင် ကျပ်(၉၃၀၀၀မှ ၉၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၁၀၀၀မှ ၈၉၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀မှ ၁၀၀၀) ဈေးလျော့ခဲ့ပါသည်။ အရောင်းအဝယ် ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်ဖြင့် ပဲစဉ်းငုံ(နီ)(၁၁၅၀)အိတ်၊ မတ်ပဲ (၁၈၀) အိတ်၊ ကုလားပဲ (HL)(၉၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၇၈၀)အိတ်၊ ဘိုကိတ်ပြာ (၁၃၀)အိတ်၊ ပဲကြီး (၄၂၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါသည်။

     မြေပဲလုံးဆံ(နီ)မှာ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၇၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၇၄၅၀)ဖြစ်၍ ကျပ်(၅၀) ဈေးလျော့ခဲ့ပါသည်။ မြေပဲလုံးဆံ(ဖြူ) ယခင်အပတ်တွင် ကျပ် (၆၇၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၆၇၀၀)ဖြစ်၍ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ် ပမာဏအနေဖြင့် မြေပဲလုံးဆံ(နီ)(၃၇၀)အိတ်၊ မြေပဲလုံးဆံ(ဖြူ)(၂၉၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

      ဝါသီးနှံဈေးကွက်တွင်  ဝါ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၃၀၀၀မှ ၂၉၀၀)ဖြစ်ပြီး ယခု အပတ်တွင်လည်းကျပ်(၃၀၀၀မှ ၂၉၀၀)ဖြစ်၍ ဈေးနှုန်းမှာပြောင်းလဲမှုမရှိပဲ ဝါပိဿာချိန် (၁၃၀၀၀) ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်းနှင့် နှမ်း၊ ပဲမျိုးစုံနှင့်ဝါသီးနှံတို့အား ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)