စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မန်ကျီးအင်းကျေးရွာတွင် တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း ဘူးသီးကိုစိုက်ပျိုးကြကြောင်း၊ ဘူးသီးကိုစိုက်ပျိုးရာတွင် ရာသီမရွေးစိုက်ပျိုးကြပြီး စိုက်ပျိုးချိန် (၁)လကျော်လျှင် အသီးကင်းများစတင်သီးကြောင်း သိရှိရပါသည်။
ဘူးသီးကို တပို့တွဲလတွင်စိုက်ပျိုးပြီး တပါင်းလတွင် အသီးများစတင်သီးကာ ခူးဆွတ်ရောင်းချရပါသည်။ ဘူးပင်ကို တစ်ကျင်းလျှင် (၅)ပင်ခန့်စိုက်ပျိုးပြီး တစ်စင်လျှင် (၃)ကျင်းခန့်စိုက်ပျိုးပါသည်။ ဘူးပင်ကို မြေအောက်ရေတင်စနစ်ဖြင့်စိုက်ပျိုးကာ ဘူးစင်တစ်စင်၏ကုန်ကျစရိတ်မှာ ကျပ်(၅၀၀၀၀)ကျော်၊ ကျပ်(၆၀၀၀၀)ခန့်ကုန်ကျပြီး ဘူးသီးတစ်လုံးလျှင် အလုံးအကြီး/ အသေးပေါ်မူတည်၍ ရောင်းဈေးမှာ (၈၀၀/၁၀၀၀/၁၅၀၀/၁၈၀၀)ကျပ်ထိရောင်းရပြီး ဘူးစင်တစ်စင်လျှင် အလုံး(၅၀၀/၆၀၀)ခန့်သီးကြောင်းနှင့် ဒေသတွင်းအလှူပွဲ/မင်္ဂလာပွဲများနှင့် မြို့မစည်ပင်သာယာဈေးရှိ ဖောက်သည်များထံ ပို့ဆောင်ရောင်းချကာ အရောင်းအဝယ်ဖြစ်ပြီး မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း မန်ကျီးအင်းကျေးရွာရှိ ဘူးသီးစိုက်တောင်သူ ဦးဟန်သိန်းထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)