မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ် ဧပြီလ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၁၅၀) ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၂၃၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၁၁၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၁၈၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
ယခု မေလ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၁၉၈၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၀၅၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၁၈၇၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၁၉၅၅)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၁၇၀)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၁၈၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၃၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၃၀)ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိကြောင်း စက်သုံးဆီ ဆိုင်များမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)