စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းများကို အပတ်စဉ်မေးမြန်း တင်ပြလျက်ရှိရာ ရွှေဘိုမြို့တွင် စားသုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။
ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ဧပြီလ နောက်ဆုံးပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၆၄၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၃၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ယခု မေလ ပထမပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၆၄၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် ယခင်ပတ်နှင့် ယခုပတ် စားသုံးဆီ တစ်ပိဿာ ဈေးနှုန်းနှိုင်းယှဉ်ကြည့်ပါက စားအုန်းဆီနှင့် နှမ်းဆီသန့်ဈေးနှုန်းမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိပါကြောင်းနှင့် ပဲဆီသန့်မှာ (၂၀၀၀) ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း စားသုံးဆီ လက်ကားဆိုင်များမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)