Main menu

မြို့မစည်ပင်သာယာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

    ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးရှိသစ်သီးပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိပါသည်။

       ၂၀၂၃ခုနှစ်၊ မေလ၊ ပထမပတ်တွင် ဖြစ်ပေါ်လျက်ရှိသောသစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီးရိုးရိုး(၁)လုံးလျှင် (၇၀၀ မှ ၁၀၀၀)ကျပ်ထိ၊ ပန်းသီး(အကြွပ်) ပိုက်စွပ်တစ်လုံးလျှင် (၂၀၀၀ မှ ၂၅၀၀)ကျပ်ထိ၊ စပျစ်သီး (အလုံးကြီး) (၁)ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ စပျစ်သီး(အလုံးသေး) (၁)ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ပန်းသစ်တော်သီး(၁)လုံးလျှင် (၃၀၀၀ မှ ၃၅၀၀)ကျပ်ထိ၊ သင်္ဘောသီး (၁)လုံးလျှင် (၂၅၀၀ မှ ၃၅၀၀)ကျပ်ထိ၊ ခွန်စိမ်းငှက်ပျောသီး(၁)ဖီးလျှင် (၁၂၀၀ မှ ၁၅၀၀)ကျပ်ထိ၊ မြစ်ကြီးနားမှထွက်ရှိသော ခွန်စိမ်းငှက်ပျောသီး(၁)ဖီးလျှင် (၂၀၀၀ မှ ၂၅၀၀)ကျပ်ထိ၊ လိမ္မော်သီး(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ သခွားမွှေး(၁)လုံးလျှင် (၂၅၀၀)ကျပ်၊ ဖရဲသီး (၁)လုံးလျှင် (၂၀၀၀ မှ ၅၀၀၀)ကျပ်ထိ၊ စိန်တစ်လုံးသရက်သီး(၁)လုံးလျှင် (၅၀၀ မှ ၇၀၀)ကျပ်ထိဈေးနှုန်းတို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချသောသစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)