ဆိပ်ဖြူမြို့၊ ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်နှင့် ကြက်သွန်နီပွဲရုံများတွင် ၂၀၂၃ခုနှစ်၊ (၂၂-၄-၂၀၂၃ မှ ၃၀-၄၂၀၂၃)ရက်နေ့ထိ (စတုတ္ထပတ်)အတွင်း (နွေ)ကြက်သွန်နီများမှာ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ကြက်သွန်နီကုန်ချိန်ပိဿာ(၅)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၅)သိန်းခန့် ကုန်စည်ဒိုင်/ပွဲရုံများသို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ယခု ဧပြီလ(စတုတ္ထပတ်)အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ(ရှယ်)ဖြစ်လျှင် ကျပ်(၁၆၅၀ မှ ၁၃၅၀)ထိ၊ အလတ်စဖြစ်လျှင် ကျပ်(၁၅၀၀ မှ ၁၄၀၀)ထိ၊ အသေးစဖြစ်လျှင် ကျပ်( ၁၃၅၀ မှ ၁၁၀၀)ထိဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်(၁)ပတ်တွင် ကြက်သွန်နီ ထိပ်စအမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၁၁၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု(၁)ပတ်တွင် ထိပ်စ(ရှယ်)တစ်ပိဿာလျှင် (၅၅၀)ကျပ်၊ အလတ်စနှင့် အသေးစတို့မှာ ကျပ်(၅၀၀)စီခန့်ဈေးနှုန်းမြှင့်တက်၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။
ဆိပ်ဖြူမြို့မှ ကြက်သွန်နီများ၏ အခြားတိုင်းဒေသကြီးများသို့စီးထွက်မှုမှာ ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် မူဆယ်ဝယ်လက်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အများဆုံးကုန်စည်စီးဆင်းလျက်ရှိကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရပါသည်။ ယခု ဧပြီလ(စတုတ္ထ)ပတ်အတွင်း စုစုပေါင်းကြက်သွန်နီပျမ်းမျှပိဿာချိန်(၅)သိန်းခန့်၊ (၁၄၂၈၅)အိတ်၊ တန်ချိန်(၈၁၆)တန်ခန့်ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရပါသည်။
ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ၏ အရွယ်အစားနှင့် အရည်အသွေးကိုလိုက်၍ (၁)ပိဿာလျှင် လက်လီဈေး (၂၀၀၀/၁၉၀၀/ ၁၇၀၀/၁၅၀၀)ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(မကွေး)