Main menu

ဂေါ်ဖီထုပ် ဈေးနှုန်း/ ဈေးကွက် အခြေအ‌နေ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအရှေ့ဖက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများတွင် အနည်းငယ်စိုက်ပျိုးသော် လည်း ယခုကာလသည် ဂေါ်ဖီစိုက်ပျိုးသည့်ကာလမဟုတ်သည့်အတွက်  ဈေးကွက်အတွင်း လိုအပ်သော ဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်မှ  မှာယူရောင်းချကြရ၍ ဈေးကွက်အတွင်း ဂေါ်ဖီထုပ်ဈေးနှုန်း များ မြင့်တက်လာကြောင်း၊ ယခင်ဂေါ်ဖီထုပ်အကြီးတစ်ထုပ်လျှင် (၁၀၀၀) ကျပ်၊ အသေးတစ်ထုပ် လျှင် (၇၀၀) ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ကြောင်း၊ ယခုအခါတွင် ဂေါ်ဖီတစ်ထုပ်အကြီးတစ်ထုပ် လျှင် (၂၀၀၀) ကျပ် ၊ အသေးတစ်ထုပ်လျှင် (၁၅၀၀) ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း မုံရွာမြို့ ၊ ကန်သာယာဈေးရောင်းချသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)