Main menu

ဆိပ်ဖြူမြို့ဒေသထွက် (ပင်ထောင်)ခရမ်းချဉ်သီးဈေးကွက်

Powered by Drupal

     ဆိပ်ဖြူမြို့နယ်ဒေသတွင်း (ပင်ထောင်)ခရမ်းချဉ်သီးများကို ဇန်နဝါရီလ၌ စတင်စိုက်ပျိုးပြီး မတ်လတွင် ထွက်ရှိပါသည်။ ယခုအချိန်အခါတွင် မြို့နယ်အတွင်းသို့ အခြားဒေသမှ ခရမ်းချဉ်သီးများဝင်ရောက်လာ၍ ဒေသတွင်းမှထွက်ရှိသောခရမ်းချဉ်သီးများမှာ ဈေးနှုန်းအနည်းငယ်ကျဆင်း၍ ပြည်သူများအနေဖြင့် ဈေးနှုန်းချိုသာစွာဝယ်ယူစားသုံးလျက်ရှိကြောင်း သိရှိရပါသည်။

     ခရမ်းချဉ်သီးစတင်ထွက်ရှိချိန်ဖြစ်သော မတ်လ(ပထမပတ်)နှင့် (ဒုတိယပတ်)တို့တွင် ခရမ်းချဉ်သီးတစ်ပိဿာဈေးနှုန်းမှာ အလုံးအကြီးအသေးပေါ်မူတည်၍ ကျပ်(၁၅၀၀ မှ ၁၃၀၀)ခန့်ထိရှိကြောင်း၊ ဧပြီလ(ပထမ(၂)ပတ်)တွင် ခရမ်းချဉ်သီးများလှိုင်လှိုင်ထွက်ရှိ၍ ဈေးနှုန်းမှာလည်း သိသိသာသာမြှင့်တက်ပြီး တစ်ပိဿာလျှင် ကျပ်(၁၈၀၀ မှ ၂၀၀၀)ထိဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ မတ်လ(ဒုတိယပတ်)တွင် ဒေသတွင်းသို့ အခြားမြို့နယ်မှ ခရမ်းချဉ်သီးများဝင်ရောက်လာပြီး ယခုဧပြီလ(နောက်ဆုံးပတ်)တွင် ခရမ်းချဉ်သီးဈေးနှုန်းများမှာ တစ်ပိဿာလျှင် လက်ကား(၁၃၀၀)ကျပ်၊ လက်လီ(၁၅၀၀/၁၆၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဆိပ်ဖြူမြို့ဒေသထွက်ခရမ်းချဉ်သီးများကို ပတ္ထမြားဈေးအတွင်းရှိ ကုန်စုံဆိုင်များနှင့် ချောက်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ခရမ်းချဉ်သီးရောင်းဝယ်ဖောက်ကားသူများထံမှ သိရှိရပါသည်။

DOCA(မကွေး)