Main menu

မေလပထမပတ်အတွင်း ကြက်ဥဈေးနှုန်းအနည်းငယ်မြင့်တက်

Powered by Drupal

     လွိုင်ကော်မြို့၊ ဈေးကွက်အတွင်းသို့ အခြားဒေသမှ စားသောက်ကုန်အများအပြားဝင်ရောက်လျက်ရှိပြီး ကြက်ဥကို ရှမ်းပြည်နယ်တောင်ကြီးဘက်မှ   အများဆုံးမှာယူတင်သွင်းရောင်းချလျက်ရှိပါသည်။

      ယခုလက်ရှိ ၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)တွင် ဖြစ်ပေါ်နေသောကြက်ဥဈေးနှုန်းမှာ ကြက်ဥအလုံးကြီးတစ်လုံးလျှင် (၂၅၀) ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၂၄၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် ဧပြီလ(စတုတ္ထပတ်)တွင် ကြက်ဥအလုံးကြီးတစ်လုံးလျှင် (၂၄၀) ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၂၃၀) ကျပ်သာရှိခဲ့ပြီး ယခင်ဧပြီလ(စတုတ္ထပတ်)နှင့် ယခုမေလ(ပထမပတ်) ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်လျှင် ကြက်ဥအလုံးကြီးတစ်လုံးလျှင် (၁၀) ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၁၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း နောင်ယားဈေးအတွင်းရှိ ကြက်ဥရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)