စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့်အာလူးကို ယခင်က လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်များတွင်စိုက်ပျိုးလျက်ရှိပြီး ယခုအခါစိုက်ပျိုးမှုအနည်းငယ်သာရှိသဖြင့် အခြားဒေသများဖြစ်သည့် ပင်လောင်း၊ အောင်ပန်းနှင့်နောင်တရားမြို့တို့မှ အများဆုံးတင်သွင်းရောင်းချလျက်ရှိပါသည်။
ယခု ၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)တွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသောအာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင် အလုံးအသေး/အကြီးအမျိုးအစားပေါ်မှုတည်၍ (၁၈၀၀) ကျပ်မှစတင်ပြီး(၂၅၀၀)ကျပ် ထိရောင်းချလျက်ရှိပြီး ယခုအချိန်တွင် အာလူးသည် အရောင်းသွက်နေသောစာဖိုးဆောင်သီးနှံတစ်မျိုးဖြစ်သည်ဟု နောင်ယားဈေးအတွင်းရှိ အားလူးရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(ကယား)