စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မိုင်းလုံရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက်၊ မှုံပြာကျေးရွာ၊ လင်ဖုံလေးကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး ယခု ၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)တွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသောခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် အလုံးအသေးအကြီးအမျိုးအစားလိုက်၍ တစ်ပိဿာလျှင် (၁၈၀၀) ကျပ် မှ(၂၅၀၀)ကျပ်ထိအရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း၊ ယခင်ဧပြီလ(ပထမပတ်)နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းတည်ငြိမ်လျက်ရှိပါကြောင်း၊ ဒေသထွက်ခရမ်းချဉ်သီးများသည် ဈေးကောင်းရလျက်ရှိပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း နောင်ယားဈေးအတွင်းရှိ ခရမ်းသီးရောင်းချနေသူတစ်ဦးထံမှ သိရပါသည်။
DOCA(ကယား)