Main menu

ပခုက္ကူကုန်စည်ဒိုင်တွင် ပဲစင်းငုံနီဈေးကောင်းရနေ

Powered by Drupal

      ပခုက္ကူကုန်စည်ဒိုင်တွင် ဒေသထွက်သီးနှံတစ်မျိုးဖြစ်သည့်ပဲစင်းငုံနီမှာ ဈေးကောင်းရလျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)၌  ပဲစင်းငုံနီဈေးနှုန်းမှာ တစ်တင်းလျှင် (၇၅၀၀၀)ကျပ်ရှိခဲ့ပြီး ယခင်တစ်ပတ်တွင် ပဲစင်းငုံနီဈေးနှုန်းမှာ တစ်တင်းလျှင် (၇၆၈၀၀ မှ ၇၇၀၀၀ )ကျပ်ထိဖြင့် နေ့စဉ် အိတ်ရေ (၁၀၀) မှ (၇၀၀) ထိအရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်ပြင်ပပွဲရုံများတွင်လည်း နေ့စဉ် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

      တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်း၊ ဒေသတွင်းနှင့်ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိပါသည်။ ကုန်သည်များမှာလည်း အကျိုးအမြတ်အနည်းငယ်ရရှိနေပြီး ဒေသတွင်းရှိပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိနေကြောင်း သိရှိရပါသည်။

DOCA(မကွေး)