မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မ၊ စည်ပင်သာယာဈေးနှင့် ပန်းခြံဈေးတို့တွင် အနီးဝန်းကျင်ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ပခုက္ကူကျွန်း၊ ရေတောင်ဘက်ရှိရွာများ၊ မြစ်ခြေကမ္မ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသမှ အများဆုံးဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
ပခုက္ကူမြို့မဈေးနှင့် ပန်းခြံဈေးအတွင်း ၂၀၂၃ခုနှစ်၊ ဧပြီလ(စတုတ္တပတ်)အတွင်း အရောင်းအဝယ်ဖြစ်နေသောအခြေခံစားကုန်များမှာ ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် ကျပ်(၄၀၀၀)၊ မနောသုခတစ်ပြည်လျှင် ကျပ်(၃၀၀၀)ဖြစ်ပြီး စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်နီ လက်လီထိပ်စတစ်ပိဿာလျှင် ကျပ်(၁၃၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၂၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၀၀၀)၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် ကျပ်(၆၅၀၀)၊ ကြက်သွန်ဖြူ(ဗမာ) တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ ချင်းတက်တစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ ဆားကြမ်းတစ်ပိဿာလျှင် ကျပ်(၅၅၀)၊ မြေပဲဆံတစ်ပြည်လျှင် ကျပ်(၇၅၀၀)၊ ကုလားပဲခြမ်းတစ်ပြည်လျှင် ကျပ်(၆၂၀၀)၊ ရှမ်းပြည်နယ်မှထွက်ရှိသော အာလူးတစ်ပိဿာလျှင် ကျပ်(၂၀၀၀-၂၁၀၀)၊ ငရုတ်သီးခြောက်အရှည် တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငရုတ်ခြောက်အပုတစ်ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ နနွင်းတက်တစ်ပိဿာလျှင် ကျပ်(၅၅၀၀)နှင့် ကြက်ဥမှာ အရွယ်အစားကိုလိုက်၍ တစ်လုံးလျှင် ကျပ်(၂၂၅ - ၂၅၀) တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း မြို့မဈေးအတွင်း ရောင်းချနေသောဈေးသည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)