ကြက်သွန်နီသည် အိမ်ထောင်စုတိုင်းအတွက် မရှိမဖြစ်စားသုံးကြသောမီးဖိုချောင်သုံး အခြေခံစားသောက်ကုန်တစ်မျိုးဖြစ်ပြီး မြန်မာလူမျိုးအများစုအနေဖြင့် ဟင်းအနှစ်လုပ်ခြင်း၊ အသုပ်မျိုးစုံအတွက် ဆီချက်ချက်ခြင်း၊ အစိမ်းထည့်စားခြင်း၊ အတို့အမြှုပ်အနေဖြင့် စားသုံးခြင်း၊ ကျန်းမာရေးအတွက် ဆေးဖက်ဝင်အစားအစာအဖြစ်စားသုံးခြင်းဖြင့် အသုံးများကြပါသည်၊၊ ကြက်သွန်နီစားသုံးပုံ၊ အသုံးပြုပုံနည်းလမ်းများကွာခြားသကဲ့သို့ အကျိုးအာနိသင်ရှိပုံများလည်း ကွာခြားကြောင်း သိရှိရပါသည်။
၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)မှစတင်၍ ကရင်ပြည်နယ်တွင် ကြက်သွန်နီဈေးနှုန်းသည် ဈေး ၂ဆကျော်တက်သွားကြောင်းနှင့် ဧပြီလအတွင်း ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအတက်ကြမ်းကြောင်း စားသုံးသူပြည်သူများထံမှသိရပါသည်။ “ အရင်လ သင်္ကြန်မတိုင်ခင်တုန်းက ကြက်သွန်နီအလတ်စ လက်လီဈေး၁ပိဿာ ၁၅၀ဝိ/-ကျပ်ကနေ တရိပ်ရိပ်တက်လာတာ အခုဆို လက်လီဈေးက ၁ပိဿာ ကျပ်(၂၇၀ဝိ/-ကနေ ၂၈၀ဝိ/-) ထိ ဈေးတက်သွားတယ်၊ အိတ်ဆွဲအနေနဲ့ ၁၀ ပိဿာအိတ်ဆွဲ ကျပ်၁၂၅၀ဝိ/-ကနေ အခုဆို ကျပ်၂၅၀၀ဝိ/-ထိဈေးတက်သွားပါသည်။ ကြက်သွန်းဈေးမှာ ယခုရက်ပိုင်းအတွင်းကို တက်တာ၊ အတက်ကြမ်းတယ်လို့ ပြောရမယ်”ဟု ဘားအံမြို့မဈေးသို့ ဈေးဝယ်ထွက်သည့် အိမ်ရှင်မ မနီကပြောပါသည်။
စာရင်းဇယားများအရ ကရင်ပြည်နယ်အတွင်း ကြက်သွန်နီဈေးနှုန်းများမှာ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလအတွင်း ၁ပိဿာလျှင် ၄၅၀ဝိ/-ကျပ်ဈေးနှုန်းအထိ အမြင့်ဆုံးဖြစ်ခဲ့ပြီး ကာလတူနှိုင်းယှဉ်ချက်အရ ယခင်နှစ်၏ မေလအတွင်း ကြက်သွန်နီ၁ပိဿာဈေးနှုန်းမှာ ၁၂၀ဝိ/-ကျပ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(ကရင်)