Main menu

ကန့်ဘလူမြို့နယ်၏ ဆန်စီးထွက်မှုနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

  “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဝင်/စီးထွက်မှုအခြေအနေများကို စာရင်းကောက်ယူလျက်ရှိရာ ကန့်ဘလူမြို့နယ်အတွင်း  ဆန်စီးဝင်စီးထွက်အခြေအနေများကို ဖော်ပြလိုက်ရပါသည်။

    ကန့်ဘလူမြို့နယ်အနေဖြင့် ၂၀၂၃ ခုနှစ်၊ မေလ (ပထမပတ်)တွင် စပါး၊ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၂၈၀၀၀၀၀၊ ဧရာမင်းစပါးတင်း (၁၀၀)လျှင် ကျပ် ၁၉၀၀၀၀၀ ၊ ရွှေဘိုပေါ်ဆန်း ဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၉၀၀၀၀၊ ဧရာမင်းဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ ဖြစ်ပေါ်လျက်ရှိပါသည်။ ကန့်ဘလူခရိုင်မှ အခြားခရိုင်နှင့် အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရွှေဘိုခရိုင်သို့ အိတ်ရေ ၂၀၀၀ အိတ်၊ ရန်ကုန်သို့ အိတ်ရေ ၂၀၀၀ အိတ် စုစုပေါင်းအိတ်ရေ ၄၀၀၀ အိတ်၊ တန်အားဖြင့် ၂၀၀ တန် စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက် လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)