Main menu

ဘားအံမြို့၊ ရွှေယဉ်မျှော်ပြည်တော်အေးဘုရားတွင်ကျင်းပသော ပဲဆွမ်းလောင်းလှူပွဲတော်နှင့် စတုဒီသာကျွေးပွဲကျင်းပရာ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးက ပါဝင်ဆင်နွှဲ

Powered by Drupal

    ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော ကဆုန်လပြည့်နေ့၊ (၃--၂၀၂၃) ရက်နေ့၊ မွန်းလွဲ (၁၅:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊  ရွှေယဉ်မျှော်ပြည်တော်အေးစေတီတော်မြတ်ကြီးတွင် ကဆုန်ညောင်ရေသွန်းပွဲ၊ ပဲဆွမ်းလောင်းလှူပွဲနှင့် စတုဒီသာအလှူတော်မင်္ဂလာပွဲတို့ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရပါသည်။

     အခမ်းအနားကို ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရွှေယဉ်မျှော်ပြည်တော်၊ အေးစေတီတော်ရှိ ပရိဘောဂစေတီထိုက်သည့်မဟာဗောဓိပင်ကို ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြပါသည်။ ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ တိုင်းရင်းသားပြည်သူများက ငွေကျပ် (၂၄၂၆၅၀၀၀) တန်ဖိုးရှိသောပဲမျိုးစုံ (၅၃၉၈) ပြည်အား ဘားအံမြို့ပေါ်ရှိ ကျောင်း တိုက်ပေါင်း (၅၄) ကျောင်းနှင့် သီလရှင်ကျောင်း (၁၄) ကျောင်းတို့မှ ရဟန်းသီလရှင် (၂၆၁၃) ပါးတို့အား စုပေါင်းလောင်းလှူခဲ့ကြပါသည်။ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၇၃) ကြိမ်မြောက်ကဆုန်လပြည့်နေ့၊ ပဲဆွမ်းလောင်းလှူပွဲအား အာရုံခံတန်ဆောင်းအတွင်း ကျင်းပခဲ့ပြီး ဘားအံမြို့၊ ကမ်းနားလမ်းရှိ မြို့မဘောလုံးကွင်းတွင်လည်း စုပေါင်းစတုဒီသာအလှူပွဲကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)