Main menu

ပြည်မန်ကျည်းမှည့်ဈေးအနည်းငယ်မြင့်

Powered by Drupal

    မန်ကျည်းမှည့်သည် ဘက်စုံအသုံးဝင်၍ ဈေးကွက်ရှိသဖြင့် ပြည်ပွဲရုံများမှ အစေ့ပါ (သို့မဟုတ်) အစေ့မပါဈေးနှုန်းများဖြင့် ပြည်ကုန်သည်များမှ ဝယ်ယူကြပြီး၊ ပြည်မြို့မှတစ်ဆင့် ရန်ကုန်၊ ရခိုင်နှင့် ဧရာဝတီတိုင်းများသို့တင်ပို့ကြသည်။ ပြည်ဈေးကွက်ရှိ၊ မန်ကျည်းဈေးမှာ ဧပြီလ နောက်ဆုံးပတ်တွင် အစေ့ပါ တစ်ပိဿာလျှင် (၁၀၀၀)ကျပ်နှင့် အစေ့မပါ (အသား)ဈေး တစ်ပိဿာလျှင် (၂၃၀၀-၂၄၀၀)ကျပ်၊ ယခုမေလဆန်းမှစ၍ အစေ့ပါတစ်ပိဿာလျှင် (၁၃၀၀-၁၄၀၀) ကျပ်၊ အစေ့မပါ(အသားဈေး) (၃၀၀၀-၄၀၀၀) ဈေးဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ် ပြန်လည်မြင့်တက်လာကြောင်း သိရပါသည်။

DOCA(ပဲခူး)