ပြည်မြို့နယ်၏ အနီးအနားပတ်ဝန်းကျင်ဒေသများဖြစ်သော စက်မှုဇုန်၊ အောင်မြေမာဟု၊ ဇီးအုပ်၊ နတ်တလင်း၊ မြောင်းငယ်လှ စသည့်နေရာဒေသများတွင် ဧပြီလ၊ နောက်ဆုံးအပတ်မှစ၍ စိန်တလုံးသရက်သီးများစတင်ထွက်ရှိပြီး ပြည်မြို့၊ မြို့မဈေးကြီးနှင့် အောင်မင်္ဂလာဈေး၊ ကသည်ဈေး၊ ကိုးသောင်းဈေးအစရှိသောဈေးများသို့ ဝင်ရောက်မှုရှိနေကြောင်း သိရပါသည်။ စိန်တစ်လုံးသရက်သီးဈေးနှုန်းများအနေဖြင့် အလုံးအကြီး/အသေးပေါ်မူတည်ပြီး တစ်လုံးလျှင် (၈၀၀)ကျပ်မှ (၁၀၀၀)ကျပ်ထိရောင်းချမှုရှိကြောင်း သိရပါသည်။ ယခုမေလဆန်းတွင် သရက်သီးတစ်လုံးလျှင် (၅၀၀-၆၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။
စိန်တစ်လုံးသရက်သီးအမှည့်မှာ အသားနူးညံ့ကာ အနှစ်ထူပြီး အမျှင်ကင်း၍ အနံ့အရသာချိုမွှေးသည့်အတွက် မြကျောက်သရက်နှင့်တန်းတူ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။
DOCA(ပဲခူး)