Main menu

မေလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းများ

Powered by Drupal

     စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိပါသည်။

     ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ၂၀၂၃ခုနှစ်၊မေလ(ပထမပတ်)တွင် စားအုန်းဆီ တစ်ပိဿာ (၆၄၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခု မေလ ဒုတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၆၁၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၅၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေသဖြင့် ယခင်ပတ်နှင့် ယခုပတ် စားသုံးဆီ တစ်ပိဿာဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက ပဲဆီသန့်ဈေးနှုန်းမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ၊ စားအုန်းဆီ တစ်ပိဿာလျှင် (၃၀၀)ကျပ် ဈေးနှုန်းကျဆင်းနေပြီး၊ နှမ်းဆီသန့် တစ်ပိဿာလျှင် (၂၀၀၀)ကျပ် ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း စားသုံးဆီလက်ကားဆိုင်များမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)