Main menu

တောင်ငူဈေးကွက်သို့ သံတောင်ကြီးဒေသထွက် ဒူးရင်းသီးများဝင်ရောက်လာပြီ

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၏အရှေ့ဘက်ရှိ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှ ဒူးရင်းသီးများအား တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ရောင်းချလျက်ရှိနေပါသည်။ သင်္ကြန်ကာလအတွင်းမှစ၍ ၎င်းဒူးရင်းသီးများကို လိုက်ထရပ်ကားများဖြင့်သယ်ယူ၍ စတင်ရောင်းချကြပါသည်။

   ဒူးရင်းသီးများမှာ ပေါ်ဦးပေါ်ဖျားဖြစ်၍ ဈေးကောင်းရရှိနေကာ တစ်လုံးလျှင် အသေး/အကြီးပေါ်မူတည်၍ ၅၀၀၀ကျပ်၊ ၇၀၀၀ကျပ်၊ ၈၀၀၀ကျပ်၊ ၁၀၀၀၀ကျပ် စသည်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      သံတောင်ကြီးမြို့နယ်မှ ဒူးရင်းခြံပိုင်ရှင်များက တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ ဒူးရင်းသီးဒိုင်များသို့ ကားများဖြင့်လာရောက်ရောင်းချပြီး တစ်ဆင့်ခံပြန်လည်ရောင်းချသူများက ၎င်းဒိုင်များကဝယ်ယူပြီး တောင်ငူမြို့ပေါ်ရှိ ဈေးအသီးသီးတွင် အထိုင်ရောင်းချကြပါသည်။

      ထို့ပြင် တောင်ငူမြို့၏အနောက်ဘက် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအနီးရှိ ကျေးရွာများမှ ညောင်ပင်ဈေးတွင် လာရောက်သွင်းသောဒူးရင်းသီးများအား ဆိုင်ကယ်ဖြင့်သယ်ယူ၍ အမြန်လမ်းပေါ်ရှိ ခရီးသွားကားများအား ရောင်းချကြပါသည်။

  ရှေ့လာမည့်မေလတွင် ဒူးရင်းသီးများလှိုင်လှိုင်ပေါ်တော့မည်ဖြစ်ကြောင်း တောင်ငူမြို့၏ အနောက်ဘက် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးဘေးတွင် ဒူးရင်းသီးများပုံ၍ ခရီးသွားကားများအား ရောင်းချနေသူတစ်ဦးထံမှ သိရပါသည်။

DOCA(ပဲခူး)