အုတ်တွင်းမြို့၊ မဲကုန်းရပ်ကွက်၊ စစ်တောင်းလမ်းရှိ လူထုဆီစက်သည် ဒေသတွင်းမှထွက်ရှိသည့် နေကြာ၊ မြေပဲနှင့်နှမ်းများကို လာရောက်ကြိတ်ခွဲသူများရှိပါက နဝလီကြိတ်ခွဲပေးခြင်း၊ လာရောက်ရောင်းချသူများထံမှဝယ်ယူ၍ ကြိတ်ခွဲခြင်းဖြင့် လည်ပတ်လျက်ရှိပါသည်။
နေကြာစိုက်ပျိုးသူတောင်သူများက နေကြာဆီနဝလီကြိတ်ခွဲလျှင် ကြိတ်ခွဲခမယူဘဲ ထွက်ရှိလာသောနေကြာဖတ်များကိုသာ ကြိတ်ခွဲခအဖြစ်ရယူပြီး ၎င်းနေကြာဖတ်များကို ဖြူးမြို့ရှိ “ခြင်္သေ့မင်း” ဆီစက်သို့ ပို့ဆောင်ရောင်းချကြောင်း သိရပါသည်။
သီးနှံပေါ်ချိန်တွင် နေကြာဈေးနှုန်းမှာ တစ်တင်းလျှင် ၂၈၀၀၀ကျပ်ဖြစ်ပြီး၊ ယခု ၂၀၂၃ခုနှစ်၊ မေလဆန်းပိုင်းတွင် နေကြာတစ်တင်းဈေးနှုန်းမှာ ၃၆၀၀၀ကျပ်ဖြစ်ပါသည်။ ဈေးကွက်အတွင်းတွင် နေကြာဆီဈေးနှုန်ုးမှာ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်အထိရှိပါသည်။
နေကြာစိုက်တောင်သူအများစုမှာ ထွက်ရှိသောနေကြာကို စားသုံးဆီအဖြစ်ကြိတ်ခွဲ၍ စားသုံးရန်ချန်ထားပြီး ပိုလျှံသောဆီများကို အုတ်တွင်းမြို့မဈေးသို့ရောင်းချကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)