တောင်ငူမြို့သို့ အခြားဒေသအသီးသီးမှ ရာသီချိန်သီးနှံများဝင်ရောက်လျက်ရှိပါသည်။ ယခုအခါ တောင်ငူမြို့၏အရှေ့ဘက် ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသမှထွက်ရှိသော လိုင်ချီးသီး (ခေါ်) နှင်းသီးနှင့် ကြက်မောက်သီးများ တောင်ငူမြို့ရှိ ဈေးအသီးသီးသီးသို့ဝင်ရောက်လာပြီး ရောင်းအားကောင်းလျက်ရှိပါသည်။
ယခု ၂၀၂၃ခုနှစ်၊ မေလ(ပထမပတ်)ပေါ်ဦးပေါ်ဖျားကာလတွင် လိုင်ချီးသီး(ခေါ်)နှင်းသီးမှာ တစ်ထုပ်လျှင် ၅၀၀၀ကျပ်မှ ၇၅၀၀ကျပ်အထိရှိပြီး ကြက်မောက်သီးမှာ တစ်ထုပ်လျှင် ၃၀၀၀ကျပ်မှ ၅၀၀၀ကျပ်အထိရှိပါသည်။ ပေါ်ဦးပေါ်ဖျားကာလတွင်သာဈေးကြီးပြီး နောက်အပတ်များတွင် ဈေးနှုန်းကျဆင်းနိုင်ကြောင်း တောင်ငူမြို့ရှိ သစ်သီးဆိုင်များထံမှ သိရှိရပါသည်။
DOCA(ပဲခူး)