Main menu

တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ “ရွှေပြည်စိုး”မုန့်လုပ်ငန်းသို့သွားရောက်၍ ကွင်းဆင်းလေ့လာပြီး လုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ၊ ဒေါ်သန္တာစိုးသည် ဖြူးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးစောမင်းသူဦးဆောင်၍  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သောအဖွဲ့သည် (၂-၅-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းက ဖြူးမြို့၊ ဘူတာမြောက်ရပ်ကွက်ရှိ “ရွှေပြည်စိုး”မုန့်မျိုးစုံလုပ်ငန်းသို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်ချက်များကို လေ့လာကြည့်ရှုခဲ့ပါသည်။

     မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နိုင်ငံတော်က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားပေးဆောင်ရွက်လျက်ရှိရာ မိမိတို့မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များ လုပ်ငန်းဆောင်ရွက်ရာတွင် မည်သည့်အခက်အခဲများရှိသည်ကိုသိလို၍ လာရောက်လေ့လာကြည့်ရှုခြင်းဖြစ်ကြောင်းပြောကြားပြီး သိရှိလိုသည်များကို‌မေးမြန်းရာ လုပ်ငန်းရှင် ဦးထင်ကျော်ဝင်းက ထုတ်လုပ်မှုအခြေအနေများကို လိုက်လံရှင်းလင်းပြသပါသည်။

      လုပ်ငန်းရှင်နှင့်တွေ့ဆုံရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ ပုဒ်မ ၄၁တွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများဖော်ပြရန်ပြဋ္ဌာန်းချက်များ၊ ပုဒ်မ ၄၃တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အချက်များ၊ လုပ်ငန်းရှင်များက မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် အဆင်ပြေလွယ်ကူစွာဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ပါ ထုတ်ပြန်ထားခြင်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)